ထိုင်းနိုင်ငံ ကုန်တိုက်ကြီးအတွင်း ပစ်ခတ်မှု ဖြစ်ပွား ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးသေဆုံး


၁၃အောက်တိုဘာ၂၀၁၇

ဒီကနေ့ နေ့ လည်ပိုင်းက ထိုင်းမြောက်ပိုင်း အူဒေါ်ဌာနီင်္ရှိ မက်ခို ကုန်တိုက်ကြီးမှာ သေနတ်သမား တဦးက့ ပစ်ခတ်ခဲ့လို့  ကိုယ်ဝန်(၇)လရှိ အမျိုးသမီး နဲ့ အတူ အသက်(၇)နှစ်အရွယ် ခလေးငယ်တဦးအပါအ၀င် ကုန်တိုက်ဝန်ထမ်းတဦး ပါ ဒဏ်ရာရသွားကြောင်းသိရပါတယ်။

ပစ်ခတ်မှုဟာ ကုန်တိုက်ကြီးရဲ့ သားငါးရောင်တဲ့နေရာ မှာဖြစ်ပွားခဲ့တာပါ။

သေနတ်သံတွေကြောင့် ကုန်တိုက်တွင်းမှာ ဈေးဝယ်နေသူတွေ ထိတ်လန့် တကြား ထွက်ပြေးခဲ့ကြရကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြထားတာပါတယ်။


နောက်ကျောကနေ ပစ်ခတ်ခံခဲ့တဲ့ သေနတ်ဒဏ်ရာသုံးချက် ထိမှန်ခဲ့သူ ကိုယ်ဝန်ဆောင်အမျိုးသမီး စီရိဖွန်း အသက် (၄၀) ဟာနောက်ပိုင်း ဆေးရုံမှာသေဆုံးသွားခဲ့ပါတယ်။

တရားခံသေနတ်သမား ဟာ ကန်ချဘူရီအခြေစိုက် တပ်ရင်းက တပ်ကြပ်ကြီး ဘွန်ချွန် လို့  သိရပါတယ်။ သေဆုံးသူဟာ တပ်ကြပ်ကြီးရဲ့ ဇနီးဖြစ်ပါတယ်၊ မယားငယ်ထားလို့  စကားများရန်ဖြစ်ပြီး အမျိုးသမီးကဆက်မပေါင်းတော့ဘဲ မိဘတွေရှိရာပြန်လာခဲ့တာကို ခင်ပွန်းတပ်ကြပ်ကြီးက နောက်ကနေ လိုက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

တပ်ကြပ်ကြီးဟာ သူ့ ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး သတ်သေပေမယ့် ကျည်ဆံကလွဲသွားလို့  သေနတ်ဒဏ်ရာနဲ့ ဆေးရုံတင်ခဲ့ရကြောင်းသိရပါတယ်။

Social Action for Children and Women - SAW
ထိုင်းနိုင်ငံ ကုန်တိုက်ကြီးအတွင်း ပစ်ခတ်မှု ဖြစ်ပွား ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးသေဆုံး ထိုင်းနိုင်ငံ ကုန်တိုက်ကြီးအတွင်း ပစ်ခတ်မှု ဖြစ်ပွား ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးသေဆုံး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.