သစ်ကိုင်းကျိုးကျ၍ ဆိုင်ကယ်မောင်းနှင်လာသူ သေဆုံး


ပဲခူးမြို့၊ပုဏ္ဍားစုရပ်ကွက်ရှိ စင်္ကြာခြံလမ်းကွေ့မှာ အောက်တိုဘာ(၂၃)ရက်ည(၈)နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအပေါ် စိန်ပန်းပင်ကိုင်းကျိုး ကျလို့အသက် (၂၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ တယ်လို့ သိရပါတယ်။


 ဖြစ်စဉ်မှာ ဆိုင်ကယ်မောင်းနှင်လာသူဟာ ပန်းလှိုင်ကျူံးရိုးတန်းလမ်းကနေ စင်္ကြာခြံလမ်းအတိုင်းအိမ်ကို ပြန်လာချိန် ပန်းလှိုင်ဘုန်းကြီးကျောင်းအနီး စကြ်ာခြံလမ်းကွေ့အရောက် စိန်ပန်းပင်ကိုင်းကျိုးကျပြီး ဆိုင်ကယ်ပေါ်ပြုတ်ကျကာ သစ်ပင်ပိ သေဆုံးခဲ့ရတယ်လို့ ပဲခူးမြို့၊မြို့မရဲစခန်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

 သေဆုံးမှုနဲ့ပတ်သက်ပြီး ပဲခူးမြို့၊မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၂၅/၂၀၁၇) နဲ့အမှုဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် ဆက်လက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ပဲခူးမြို့ မြို့မရဲစခန်းရဲမှတ်တမ်းတွေအရ သိရပါတယ်။ဒီသတင်းကိုပဲခူးဗျူ ရိုက အောင်စည်သူဖြိုးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
သစ်ကိုင်းကျိုးကျ၍ ဆိုင်ကယ်မောင်းနှင်လာသူ သေဆုံး သစ်ကိုင်းကျိုးကျ၍ ဆိုင်ကယ်မောင်းနှင်လာသူ သေဆုံး Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.