![]() |
ရှီကာဂိုမြို့ထက် ကြီးတဲ့ ဒေသလောက် တောမီးလောင်ကျွမ်း |
ခရိုင်ပေါင်း ၈ခရိုင်မှာ တောမီးလောင်မှုပေါင်း ၂၂ခု ဖြစ်ပွားနေပြီး မီးသတ်သမား ၈ထောင်ကျော်နဲ့ ကြိုးစား မီးငြှိမ်းသတ်နေရတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown က ပြောပါတယ်။
တောမီးလောင်မှုကြောင့် သေဆုံးသူပေါင်း ၂၁ဦး အထိ ရှိသွားပြီ ဖြစ်ပြီး လူရာနဲ့ ချီ ပျောက်ဆုံးနေသလို ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
စပျစ်ခင်းတွေ အများအပြား အပါအဝင် နေအိမ်တွေ စီးပွားရေး အဆောက်အအုံတွေ ၃ထောင်ကျော်လောက်လည်း မီးလောင် ပျက်စီးသွားခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကယ်လီဖိုးနီးယား တောမီး သေဆုံးသူ ၂၁ဦး ရှိသွားပြီ
Reviewed by THITHTOOLWIN
on
09:04
Rating:
