နယ်စပ်အရေးနှင့်ပတ်သက်ပြီး ရခိုင်တစ်ပြည်လုံး ဆန္ဒပြတောင်းဆိုနိုင်ရန် စီစဉ်နေ

ဓာတ်ပုံ - ရခိုင်တစ်ပြည်လုံး ဆန္ဒပြနိုင်ရန် ဆွေးနွေးနေကြစဉ်။ Photo by - မောင်စပ်စု
စစ်တွေ၊ အောက်တိုဘာ ၂

ရခိုင်နယ်စပ်အရေးနှင့်ပတ်သက်ပြီး အချက် (၃)ချက်အား ရခိုင်တစ်ပြည်လုံး ဆန္ဒပြတောင်းဆိုနိုင်ရန်စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ ရခိုင်တစ်ပြည်လုံး တပြိုင်တည်းဆန္ဒပြတောင်းဆိုနိုင်ရန်အတွက် ကော်မတီတစ်ခုဖွဲ့စည်းကာ အခြားမြို့နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

"လောလောဆယ်တော့ ဘယ်နေ့ဘယ်အချိန်မှာ ဆန္ဒပြပွဲလုပ်မယ်ဆိုတာ မသိရသေးဘူး။ ဆက်သွယ်ဆောင်ရွက်နေတုန်းပဲဖြစ်ပါတယ်။"ဟု ဦးဆောင်သူ ကိုအောင်ဌေးက ပြောသည်။

ဆန္ဒပြပွဲတွင် တောင်းဆိုသွားမည့်အချက်များမှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို မြန်မာနိုင်ငံအစိုးရက လူမျိုးတုန်းသတ်ဖြတ်နေခြင်းမှာ မဟုတ်မှန်ကြောင်း၊ အချုပ်အခြာအာဏာ ထိပါးစော်ကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားကြသည့် ဘင်္ဂါလီများကို လုံးဝ ပြန်လည်လက်မခံသင့်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိဘင်္ဂါလီများကို ၁၉၈၂ ခုနှစ်ဥပဒေနှင့်အညီ အမြန်ဆုံးစိစစ်ပေးရေးစသည့်အချက်များဖြစ်ကြသည်။

ယင်းသို့ဆန္ဒပြတောင်းဆိုနိုင်ရန် အောက်တိုဘာ ၁ ရက်နေ့က စစ်တွေမြို့ရှိ ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တွင် သံဃာတော်များနှင့် စစ်တွေရှိ တက်ကြွလှုပ်ရှားသူများ တွေ့ဆုံဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar/
နယ်စပ်အရေးနှင့်ပတ်သက်ပြီး ရခိုင်တစ်ပြည်လုံး ဆန္ဒပြတောင်းဆိုနိုင်ရန် စီစဉ်နေ နယ်စပ်အရေးနှင့်ပတ်သက်ပြီး ရခိုင်တစ်ပြည်လုံး ဆန္ဒပြတောင်းဆိုနိုင်ရန် စီစဉ်နေ Reviewed by THITHTOOLWIN on 12:35 Rating: 5
Powered by Blogger.