![]() |
ဒုက္ခသည်တွေ ပြန်လည်လက်ခံရာမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်ပေးဖို့ စစ်တွေမြို့မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်။ Photo: Min Thein Aung/ RFA |
တိုင်းရင်းသားတွေကို ဦးစားပေးနေရာချထားပေးပြီး တစ်ဘက်နိုင်ငံကိုရောက်နေတဲ့ မွတ်စလင် တွေထဲက နိုင်ငံသားဥပဒေနဲ့ ညီတဲ့သူတွေကိုသာ ပြန်လည်လက်ခံပေးစေလိုတယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသူတွေကို အလိုမရှိကြောင်း၊ နိုင်ငံသားဥပဒေကိုပြင်ဆင်ဖို့ အကြံပြု ထားတဲ့ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာကို အလိုမရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ ကြသူတွေနဲ့ အတူမနေထိုင်နိုင်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အစား "ဘင်္ဂါလီ"အကြမ်းဖက်အဖွဲ့လို့ အစိုးရက သုံးနှုန်းပေးဖို့ စတဲ့အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို စစ်တွေမြို့မှာရှိတဲ့ သံဃာတော်တွေနဲ့ မြို့ခံတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူဆန္ဒပြပွဲကို မောင်တော၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့တွေမှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်အတွင်းကနေ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ မွတ်စလင် ငါးသိန်းလောက်ရှိပြီး သူတို့တွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အကြမ်းဖက်သမားတွေ မပါအောင် စိစစ်လက်ခံဖို့ စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆို
Reviewed by THITHTOOLWIN
on
06:36
Rating:
