မီးရထားပေါ်မှ လူတစ်ဦးကျ သေဆုံး


၂၀၁၇ အောက်တိုဘာလ ၁၈ နေ့လည် ၂ နာရီ ၅၅ မီနစ် အချိန်ခန့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု ကံကြီးကျေးရွာ အနီး မီးရထားပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားသွားကြောင်း မြို့သစ်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် ဝင်းကျော်မှ ပြောပြသိရှိရသည် ။

ဖြစ်စဉ်မှာ နေပြည်တော်မှ ချောက်သို့ မောင်းနှင်လာသည့် မီးရထား စက်ခေါင်းအမှတ် DF-1239 စက်ခေါင်းမောင်း စက်ဗိုလ် ထွန်းထွန်းဝင်း အသက် (၃၈/၂၀၁၇) နှစ် (ဘ) ဦးမောင်လေး မီးရထားဝန်ထမ်းအိမ်ယာ ပျဉ်မနားမြို့ နေထိုင်သူ မောင်နှင်လာသည့် အမှတ် (၁၀၁) အဆန် စာပို့ရထားသည် ၂၀၁၇ အောက်တိုဘာလ ၁၈ နေ့လည် ၁၂ နာရီ ၅၀ မီးနစ် အချိန်ခန့် တွင် မြို့သစ်ဘူတာမှ ထွက်လာခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မီးနစ် အချိန် မီးရထားမိုင်တိုင်အမှတ် (၃၁၀)-(၁၀/၁၁) အကြား အရောက်တွင် ဦးတင်မောင်ဦး အသက် (၅၉/၂၀၁၇) နှစ် စက်မှုစက်ပြင် (ဘ) ဦးဘိုကေ မီးရထားဘူတာဝန်း ပျဉ်မနားမြို့ နေထိုင်သူသည် မီးရထားစက်ခေါင်းတွဲဘက်မှ အထူးတန်းခရီးသည်တင်တွဲပေါ်သို့ ဖြတ်ကူးစဉ် ခြေချော်ကာပြုတ်ကျခဲ့ပြီး ယာပေါင်ရင်းပြတ်ဒဏ်ရာ ဝဲဘက်ပေါင်ရင်း အသားဆုတ်ပြဲဒဏ်ရာ ဝဲဘက်ပေါင်ရင်းကျိုးဒဏ်ရာ ယာပါးပေါက်ပြဲဒဏ်ရာ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း မြို့သစ်ရဲစခန်းမှ ဒုရဲအုပ်ဝင်းကျော်နှင့်အတူ တလုပ်ပင်ကျေးရွာအုပ်/မှူး ဦးခင်မောင်သက် ဆယ်/်မှူး ဦးခင်မောင်ရွှေ တို့နှင့် သတင်းအရ သွားရောက်စစ်ဆေးစဉ် ဖြစ်စဉ်သိရှိခဲ့ရပြီး အခင်းဖြစ်ရထားပေါ်ပါ မီးရထားရဲတပ်ဖွဲ့မှ ရဲတကက သန်းထိုက် ပါ (၂) ဦးတို့နှင့်အတူ သေဆုံးသူ ဦးတင်မောင်ဦး၏ အလောင်းအား ရဲဆေးစာပြုလုပ်ပြီး ညနေ ၃ နာရီ ၃၅ မီးနစ် အချိန်ခန့်တွင် မြို့သစ်ပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆို၏ ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးတင်မောင်ဦး သေဆုံးမှုအား ဓမ္မာတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြို့သစ်မြို့မရဲစခန်းမှူး ဒုရဲမှူးကံပိုမှ ၂၀၁၇ အောက် ၁၈ ညနေ ၃ နာရီ ၁၅ မီးနစ် အချိန် တရားလိုပြုလုပ် တိုင်တန်းသဖြင့် သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၇) အရ အမှုရေးဖွင့်ဆောင်ရွက်ပြီး ဒုရဲမှူးကံပိုမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် ။

လှိုင်ဘွား ( မြို့သစ် )
မီးရထားပေါ်မှ လူတစ်ဦးကျ သေဆုံး မီးရထားပေါ်မှ လူတစ်ဦးကျ သေဆုံး Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.