ကမ္ဘာ့ချန်ပီယံ အောင်လအာန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံအား နှစ်ချီထဲဖြင့် အနိုင်ထိုးမည်

ONE: HERO'S DREAM ပွဲကြို ဟန်ရေးပြ မိတ်ဆက်ပွဲ၌ အောင်လအာန်ဆိုင်း အားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)
    ရန်ကုန်။ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ရက်နေ့တွင်ကျင်းပမည့် ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ဖြစ်သည့် ONE:Hero's Dream ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ အောင်လအာန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာချန်ပီယံ Alain Ngalaniအား နှစ်ချီထဲဖြင့် အနိုင်ထိုးမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၃၁ရက်နေ့တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

'' ကမ္ဘာ့မှာ မြန်မာဖိုက်တာ ဘယ်သူလဲသိအောင် ကစားမယ်။ နိုင်အောင်ကစားမယ်။ ဝိတ်တန်း ဘယ်လောက်ကြီးကြီး လုံးဝ ဂရုမစိုက်ဘူး။ နိုင်အောင်ထိုးမယ် နှစ်ချီထဲနဲ့ နိုင်အောင်ထိုးမယ်''ဟု ကမ္ဘာ့ချန်ပီယံ အောင်လအာန်ဆိုင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌  နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့်  ONE:Hero's Dream ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ အောင်လ "မြန်မာ့စပါးအုံး" အန်ဆိုင်းနှင့် စိန်ခေါ်သူ ဟဲဗီးဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံ အာလိန်း "ကျားသစ်နက်" ဂလားနီး ။ ဖြိုးသော်နှင့် ရွှေဘဦးနှင့် အခြား MMAကစားသမားများလည်း ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

'' ခုပြိုင်ပွဲဟာ အဆင့်အမြင့်ဆုံး စိန်ခေါ်မှုအများဆုံးပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့ စွမ်းရည်ကို ပြသဖို့ ရင်ခုန်နေပါတယ်''  မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံ Alain Ngalaniက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ကမ္ဘာ့ချန်ပီယံ အောင်လအာန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံအား နှစ်ချီထဲဖြင့် အနိုင်ထိုးမည် ကမ္ဘာ့ချန်ပီယံ အောင်လအာန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံအား နှစ်ချီထဲဖြင့် အနိုင်ထိုးမည် Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.