တောင်ငူမြို့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွံပြုလုပ်


တောင်ငူ ၊ အောက်တိုဘာ ၁၄ ။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိခြောက်မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှစုပေါင်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲတွင် အောက်တိုဘာလ ၁၄ ရက်နေ့နံနက် ၈နာရီအချိန်ခန့်က တောင်ငူမြို့မိုင်ဒါကွင်းအတွင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း တောင်ငူမြို့ရှိ AHN သတင်းထောက်က သတင်းပေးပို့ သည်။

အခမ်းအနားသို့ခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံပြည်သူများ ၊လွှတ်တော်ကိုယ်စားလှယ်များ ၊တိုင်းရင်းသားညီကိုမောင်နှမများ NLDပါတီဝင်များတက်ရောက်အားပေးထောက်ခံခဲ့ကြသည်ဟုလည်း ၄င်းကပြောသည်။


ရှေးဦးစွာ မြန်မာ့ဂီတဇာတိမာန်သီချင်း ဖြင့်ဧည့်ခံဖျော်ဖြေခဲ့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ နိုင်ငံသီချင်းအားသံပြိုင်သီဆိုခြင်းများပြုလုပ်ခဲ့ကြသည်ဟုလည်း ၄င်းကပြောသည်။

“စုရပ်နေရာဖြစ်တဲ့မိုင်ဒါကွင်းအတွင်းကနေ စနစ်တကျစီတန်းပြီး"အမေစု....(ကျန်းမာပါစေ|အသက်ရာကျော်ရှည်ပါစေ) ၊အမေစုကို...(ဝန်းရံကြ) ၊ပြည်သူ့အစိုးရ...(အောင်မြင်ပါစေ)။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား....(အပြည့်အဝထောက်ခံပါသည်။)။ စတဲ့ကြွေးကြော်ဆုတောင်းချက်တွေကို သံပြိုင်အော်ဟစ်ပြီး၊တောင်ငူမြို့အတွင်းလှည့်လည်ပါတယ်။ ပြီးတဲ့နောက်စုရပ်နေရာသို့ရောက်ရှိကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားေးအားပေးထောက်ခံကြောင်းသီချင်းများသံပြိုင်သီဆိုခဲ့ကြပါတယ် “ ဟုလည်း ၄င်းကပြောသည်။

ကျော်သူဝင်း (AHN –TG )
PHOTO - AHN
The Asia Heart News
တောင်ငူမြို့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွံပြုလုပ် တောင်ငူမြို့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွံပြုလုပ် Reviewed by THITHTOOLWIN on 14:36 Rating: 5
Powered by Blogger.