ရသေ့တောင်မြို့နယ် ဘင်္ဂါလီကျေးရွာအနီး လက်လုပ်မိုင်း(၂)လုံး တွေ့ရှိ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိအထက်နန်းရာ ဘင်္ဂါလီကျေးရွာအနီးမှာ စက်တင်ဘာ(၃၀)ရက် မနက်ပိုင်းက လက်လုပ်မိုင်း(၂)လုံးတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေသိရပါတယ်။

 ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ် ပိတောက်မြိုင်ကျေးရွာမှာတာဝန် ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်တဲ့အဖွဲ့က ရိက္ခာထုတ်ပြီး စေတီပြင်တိုင်းရင်းသားကျေးရွာကိုထွက်ခွာလာရာ လမ်းဘေးရှိ ခြုံပုတ်အတွင်း မသင်္ကာဖွယ်ပလတ်စတစ်ပုံး အပြာရောင်(၁)လုံးကို စစ်ဆေးခဲ့ရာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။


 အဲဒီပုံးအပြာရောင်အတွင်းမှာ လက်လုပ်မိုင်းကို ပလတ်စတစ်နဲ့ ထုတ်ပိုးထားပြီး သံပိုက်နဲ့ ပြုလုပ်ထားတဲ့အလျား(၉)လက်မခွဲ၊ အချင်း(၂)လက်မခန့်ရှိတဲ့ ဒေသန္တရ လက်လုပ်မိုင်း(၂)လုံးကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

 လက်လုပ်မိုင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး အဲဒီကျေးရွာနဲ့အနီးတဝိုက်မှာတပ်မတော်သားတွေ နယ်မြေရှင်းလင်းရှာဖွေနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို စစ်တွေဗျူရိုက ကျော်လွင်ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ရသေ့တောင်မြို့နယ် ဘင်္ဂါလီကျေးရွာအနီး လက်လုပ်မိုင်း(၂)လုံး တွေ့ရှိ ရသေ့တောင်မြို့နယ် ဘင်္ဂါလီကျေးရွာအနီး လက်လုပ်မိုင်း(၂)လုံး တွေ့ရှိ Reviewed by THITHTOOLWIN on 06:52 Rating: 5
Powered by Blogger.