ကျောင်းသားငါးဦး ကားနှင့်တိုက်မိ၍ နှစ်ဦးသေဆုံး


နေပြည်တော်၊ အောက်တိုဘာ - ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာနှင့် ခေတ်အေးကျေးရွာအကြား ရန်ကုန်-မန္တလေး လမ်းဟောင်း ကားလမ်းမကြီးပေါ်တွင် အောက်တိုဘာ (၃၁) ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က မရင်းကြီးကျေးရွာနေကျောင်းသား (၅) ဦးမှာ ခေတ်အေး အခြေခံပညာအထက်တန်းကျောင်းသို့သွားနေစဉ် ကားမှာတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိလာပြီး အရှိန် မထိန်းနိုင်ပဲ နောက်မှဝင်တိုက်မိခဲ့ရာ (၂) ဦးသေးဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာနှင့် ခေတ်အေးကျေးရွာကြား မိုင်တိုင်အမှတ် (၂၆၃/၅) နှင့် (၂၆၃/၆) ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် မရင်းကြီးကျေးရွာနေကျောင်းသား (၅) ဦးမှာ ခေတ်အေး အခြေခံပညာအထက်တန်းကျောင်းသို့သွားနေစဉ် ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ယာဉ်မောင်း ဇော်နိုင်ဝင်း (၄၅)နှစ် (ဘ) ဦးထွန်းဝင်း၊ မိတ္ထီလာမြို့နေထိုင်သူ မောင်းနှင်လာသော 9N/---- fuso (အဖြူရောင်) (၆)ဘီးယာဉ်မှာ ကြက်စာများတင်ဆောင်လာပြီး ကားမှာတစ်ဖက်ယဉ်ကြောသို့ရောက်ရှိကာ အရှိန်မထိန်းနိုင်ပဲ နောက်မှဝင်တိုက်မိခဲ့သဖြင့် ထွန်းနေလင်း (၁၄)နှစ် (၈)တန်း၊ မရင်းကြီးကျေးရွာနေသူနှင့် ဇော်မျိုးအောင် (၁၃)နှစ် (၈)တန်း၊ မရင်းကြီးကျေးရွာနေသူတို့တွင် ဒဏ်ရာများဖြင့်အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့သည်။ ကျန်ကျောင်းသား (၃)ဦးတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် နေပြည်တော်၊ ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော် ယာဉ်မှုစစ်ဌာနသို့ အကြောင်းကြားခဲ့ရာ ရဲအုပ် သန်းကျော်ဌေး နှင့်အဖွဲ့ရောက်ရှိ စစ်ဆေးလျက် ရှိပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဇော်နိုင်ဝင်းအား အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထွန်းလင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောင်းသားငါးဦး ကားနှင့်တိုက်မိ၍ နှစ်ဦးသေဆုံး ကျောင်းသားငါးဦး ကားနှင့်တိုက်မိ၍ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.