ထိုင်းမြောက်ပိုင်း နယ်မြေရှင်းလင်းပွဲတွင် ရဲအလိုရှိနေသည့် မြန်မာနိုင်ငံသား ဘုန်းကြီးတပါး အဖမ်းခံရ


၁၉ အောက်တိုဘာ ၂၀၁၇

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ နယ်အတွင်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်တပ်နဲ့  ရဲပူပေါင်းအဖွဲ့ တွေဟာ နယ်မြေအတွင်း မှာ မူးယစ်ဆေး လက်နက် မူခင်း ကျဆင်းရေး အတွက် ရှာဖွေဖမ်းဆီး မှုတွေ လုပ်ခဲ့ရာမှာ ဆရာတော်ဘ၀ကနေ လူဝတ်နဲ့  ထွက်ပြေးနေသူ မြန်မာနိုင်ငံ တဦးကိုပါ ဖမ်းဆီးခဲ့တာကိုဖေါ် ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။


တရားခံမြန်မာနိုင်ငံသား ဟာ အသက် ၃၁ နှစ် ထိုင်း သံဃာဘွဲ့ နံမည် အစရင်း စီလာဒန် လို့  ထိုင်း ပေးထားသူဖြစ်ပါတယ်၊ အဆိုပါ ဘုန်းကြီးဟာ ချင်းမိုင် စွန်ဒေါ့ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဖြစ်လာ တော့မှဆရာတော်ဟာ သေဆုံးသွားသူ ထိုင်းနိုင်ငံသားရဲ့  မှတ်ပုံတင်ကိုလူစားထိုးသုံးပြီး ထိုင်းနိုင်ငံသားလိုနေထိုင်နေခဲ့တာ (၁၇) နှစ်ရှိနေတာ သိခဲ့ရပါတယ်။

သေဆုံးသွားတဲ့ ထိုင်းနိုင်ငံသားရဲ့ ထိုင်းမှတ်ပုံတင်ကို ထိုအချိန်က ဘတ်ငွေတသောင်းငါးထောင် ပေးပြီး လုပ်ခဲ့တဲ့ လူစားထိုးအမှုပေါ်လို့  စစ်ဆေးနေဆဲကာလမှာ အဆိုပါဘုန်းကြီးဟာ ကျောင်းတိုက်ကနေထွက်ပြေးသွားခဲ့တာပါ။

ချင်းမိုင်ဒေသအတွင်းမှာ မြန်မာနို်င်ငံ ရှမ်းပြည်နယ်ကနေ လာရောက် သာသနာပြု သီတင်းသုံးနေထိုင်နေကြတဲ့ သံဃာတော်တွေ အများစုနေထိုင်နေကြပါတယ်။ ရှမ်းတိုင်းရင်းသား သံဃာတွေများပါတယ်၊ ထိုင်းတွေက ထိုင်ယိုင် (ရှမ်းကြီး) လူမျိုး လို့ ခေါ်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေ လာရောက် အခြေချနေထိုင်နေကြတာ အလွန်များလာနေတာလည်းတွေ့ ရပါတယ်။

Credit khaosod
Social Action for Children and Women - SAW
ထိုင်းမြောက်ပိုင်း နယ်မြေရှင်းလင်းပွဲတွင် ရဲအလိုရှိနေသည့် မြန်မာနိုင်ငံသား ဘုန်းကြီးတပါး အဖမ်းခံရ ထိုင်းမြောက်ပိုင်း နယ်မြေရှင်းလင်းပွဲတွင် ရဲအလိုရှိနေသည့် မြန်မာနိုင်ငံသား ဘုန်းကြီးတပါး အဖမ်းခံရ Reviewed by THITHTOOLWIN on 03:11 Rating: 5
Powered by Blogger.