ဖီဖာ အကောင်းဆုံး ဘောလုံးသမားဆု စီရော်နယ်ဒို ဆွတ်ခူး

ရီးရဲ အသင်းက ကစားသမား Cristiano Ronaldo နဲ့ နည်းပြ Zinedine Zidane တို့ ဆုလက်ခံ ယူနေပုံ
၂၀၁၇ ခုနှစ်အတွက် ဖီဖာအကောင်းဆုံး ဘောလုံးသမား ဆုကို ပေါ်တူဂီ နိုင်ငံသား ခရစ်စတီယာနိုရော်နယ်ဒို က နှစ်နှစ် ဆက်တိုက် ဆွတ်ခူး ရရှိသွားပါတ

ရော်နယ်ဒိုဟာပြီးခဲ့တဲ့ ရာသီအတွင်း ပွဲစဉ်၄၈ ပွဲကစားခဲ့ရာမှာ လက်ရွေးစဉ်အသင်းနဲ့ကလပ် အသင်းအတွက်စုစုပေါင်း ၄၄ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ ရော်နယ်ဒိုဟာ ရီးယဲ ပရိတ်သတ် ၊ သူ့ကစားဖော် အသင်းသားတွေအပြင် နည်းပြနဲ့ အသင်းဥက္ကဌ တို့ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဖီဖာ ရဲ့ အမျိုးသမီး အကောင်းဆုံး ဘောလုံးသမား ဆုကိုတော့ဘာစီလိုနား အသင်းက ဟော်လန်သူ Lieke Martens က ရသွားပါတယ်။

ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကိုတော့ အာဆင်နယ် အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူး ရဲ့ သွင်းဂိုးက ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ