အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုတွေ ဖော်ထုတ်သွားမယ်လို့ အစိုးရပြော

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်။ Photo: Thiha Tun/RFA
ARSA မူစလင် အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်ပြီး သူတို့နဲ့ဆက်နွယ်မှုတွေကို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောကြားလိုက်ပါတယ်။

ARSA မူစလင် အကြမ်းဖက်အဖွဲ့က တဖက်သတ်ကြေညာထားတဲ့ တစ်လ အပစ်ရပ်ကာလ မနေ့က ပြီးဆုံးသွားခဲ့ တဲ့နောက် အဲဒီအဖွဲ့က အပစ်ရပ်ကြေညာချက်ကို နောက်ထပ်သက်တမ်းတိုးမှာ မဟုတ်ကြောင်း သတင်းထွက်ပေါ် လာတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က အခုလိုပြောကြားခဲ့တာပါ။

"ဒီအဖွဲ့ကို ကျနော်တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာ။ ဒီအကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ဟာတွေ ဆက်စပ်ဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်ဖို့တွေ ဆက်လုပ်နေ တယ်။ တဘက်ကလည်း ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်"

ARSA အကြမ်းဖက်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က အပစ်အခတ်တစ်လ ရပ်စဲကြောင်း ကြေညာခဲ့ တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့သြဂုတ် ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေက ရဲကင်းစခန်း၃၀ နဲ့ တပ်မတော်စခန်းတစ်ခုကို တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးသူ ၈၄ ဦး၊ ပျောက်ဆုံးသူ ၅၄ ဦးရှိပြီး အကြမ်းဖက်သမား လေးရာနီးပါး သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုတွေ ဖော်ထုတ်သွားမယ်လို့ အစိုးရပြော အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုတွေ ဖော်ထုတ်သွားမယ်လို့ အစိုးရပြော Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.