ရေကန်အတွင်း ငါးဆင်းဆယ်သူ ရေနစ်သေဆုံး

အောက်တိုဘာ ၂၄၊ DMG

ပုဏ္ဏကျွန်းမြို့ ရွာဟောင်းရပ်ကွက်ရှိ ပြည်တော်သာရေကန်တွင် သေနေသော ငါးကို ဆင်းဆယ်ရာမှ ထူထပ်နေသော ကြက်ခုတ်ဟုခေါ်သည့် ရေမှော်ပင်များနှင့် ကြာပင်များ၏ နွယ်မှာ ခြေထောက်ရစ်ပတ်သွား၍ ဦးမောင်ကြီးမှာ ကူးခတ်မရဘဲ ရေနစ်သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။


ယနေ့ (အောက်တိုဘာ ၂၄) နံနက် ၇ နာရီတွင် ဦးမောင်ကြီးက သေနေသောငါးကို ဆယ်ယူရာမှ သေဆုံးသွားခြင်းဖြစ်သည်။ ဦးမောင်ကြီးသည် ဦးသိန်းထွန်းအောင်နှင့် ဒေါ်မစောငယ်တို့ သားဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ဦးဝေမောင်သိန်းက ပြောသည်။

သတင်း၊ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)
Development Media Group
https://www.facebook.com/dmgnewsagency/
ရေကန်အတွင်း ငါးဆင်းဆယ်သူ ရေနစ်သေဆုံး ရေကန်အတွင်း ငါးဆင်းဆယ်သူ ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.