မိခင်ဖြစ်သူက ၄ တန်းကျောင်းသူ သမီးအား ဓားဖြင့် ခုတ်သတ်


မြိုင် - အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်-မြိုင်မြို့နယ် ဆင်စိန်ကျေးရွာအုပ်စု၊ သံချောင်းကျေးရွာ၌ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၂ နာရီခွဲခန့်က မိခင်ဖြစ်သူက ၄ တန်း ကျောင်းသူ သမီးအား ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သံချောင်းကျေးရွာနေ ဒေါ်စန်းဌေး(အသက်) ၄၅ နှစ် (အဘ) ဦးချစ်လေး မှ သမီးဖြစ်သူမအေးဇင်လှိုင် (သ)၁၀ နှစ် (အဘ) ဦးမောင်တိုး ၄ တန်း ကျောင်းသူအား နေ့ခင်းကျောင်းဆင်းချိန် ၁၂ နာရီခွဲခန့်တွင် မိမိ၏ နေအိမ်ရှေ့ ၀ါးကြမ်းစင်ပေါ်တွင် သံရိုးပါ ဓါးအရှည် (၁၅)လက်မခွဲဖြင့် ခုတ်သတ်ခဲ့ရာ ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၂)ချက် ပြတ်ရှဒဏ်ရာ (၁)ချက် ၊ ၀ဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၀ဲဘက် ဂျိုဇောင်း(၃)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသဖြင့် မြိုင်ဆေးရုံသို့ ဆေးကုသမှုခံယူရန် သွားရောက်နေစဉ် နေ့လည် ၁နာရီ ၅မိနစ်ခန့်တွင် လမ်း၌ သေဆုံးသွားခဲ့သဖြင့် တရားခံ ဒေါ်စန်းဌေး အား ဥပဒေအရ အရေးယူပေးရန်
သံချောင်းကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးအောင်ကို မှ တရားလိုပြုလုပ်၍ မြိုင်မြို့မရဲစခန်းသို့ တိုင်တန်းသဖြင့် မြိုင်ရဲစခန်းကအမှုဖွင့်၍ တရားခံအား ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အောင်ကျော်မြင့်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိခင်ဖြစ်သူက ၄ တန်းကျောင်းသူ သမီးအား ဓားဖြင့် ခုတ်သတ် မိခင်ဖြစ်သူက ၄ တန်းကျောင်းသူ သမီးအား ဓားဖြင့် ခုတ်သတ် Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.