ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်းရှိ အထည်ဆိုင်ဖောက်ထွင်းခိုးယူမှုဖြစ်ပွား


ရေတာရှည် အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ စည်ပင်သာယာဈေးတောင်ဘက် တန်းရှိ အထည်ဆိုင်တစ် ဆိုင်မှာ အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းဖောက်ထွင်းခိုးယူခဲ့ရပြီး ယခင်လ(၂၆)ရက်နေ့ ရေတာရှည်မြို့ ဗိုလ်ချုပ်လမ်းနှင့် ရန်ကုန်-မန္တလေးကားလမ်းဆုံရှိ ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခံရပြီးနောက် ဒုတိယအကြိမ် မြောက် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ဈေးက မနက် ၆ နာရီဆိုဆိုင်စဖွင့်ပြီ ညပိုင်းလုံခြုံရေး အစောင့်ကတွေ့လို့ပြောမှသိရတာ တံခါးပတ္တာအထက်အောက်သုံးခုကိုဖြုတ်ပြီးဖွင့်သွားတာ''ဟု ရေတာ ရှည်မြို့အမှတ်(၁)ရပ်ကွက်နေ ဆိုင်ရှင် ဦးသန့်ဇင်အောင် ကပြောကြားသည်။

 ဖောက်ထွင်းခံရသည့် ဆိုင် ခန်းအား ရဲတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များကစစ်ဆေးကြည့်ရှုခဲ့ရာ ကလေး၊ လူကြီးအရွယ်စုံဝတ် အထည်မျိုးစုံ ကျပ်(၆)သိန်းနီးပါးခိုးယူခံရခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။'' တန်ဘိုးနဲတာများတာပြောတာ မဟုတ်ဘူး ဖောက်ထွင်းခိုးယူခံရရင် ရအောင်ဖေါ်ထုတ်နိုင်ဘို့ကြိုးစားရမှာပဲ ဒီအတိုင်းမျောထားလိုက်ရင် နောက်ထပ်ကျူးလွန်ဖို့ အားပေးသလိုဖြစ်နေမယ်''ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ ကျော်ကျော် ကသုံးသပ်ပြောကြားသည်။

ယခင်လ(၂၆)ရက်နေ့ ညပိုင်းကဖောက်ထွင်းခိုးယူခံရသော ဖုန်းဟန်းဆက်မျိုးစုံ(၁၇)လုံး၊ ငွေဖြည့်ကဒ်၊ ဖုန်းဆင်းကဒ်၊ ငွေ(၁)သိန်း(၃)သောင်း စုစုပေါင်း ကျပ်(၂၇) သိန်းဖိုးခိုးယူခံရမှုအား ရဲတပ်ဖွဲ့ကစုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်းရှိ အထည်ဆိုင်ဖောက်ထွင်းခိုးယူမှုဖြစ်ပွား ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်းရှိ အထည်ဆိုင်ဖောက်ထွင်းခိုးယူမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.