ရန်ကုန်-ပြည် ကားလမ်းဘေးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမရဲစခန်းအပိုင် ရန်ကုန် - ပြည် ကားလမ်းဘေး ရွှေအင်းမစားသောက်ဆိုင်အနီးမှာ အောက်တိုဘာ(၁၀)ရက် မနက်(၉) နာရီအချိန်ခန့်က အသက်(၁၄)နှစ်အရွယ် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ တယ်လို့ အင်းမရဲစခန်း ကနေသိရပါတယ်။

 သေဆုံးသူမှာ အင်းမမြို့၊ သဲကုန်းမြို့နယ်၊ သီရိသုခရပ်ကွက်ကဖြစ်ပြီး မြို့မကန်ကျောင်း ဘုန်းကြီးကျောင်းမှာ ကျောင်းအိပ် ကျောင်းစားအဖြစ်နေသူဖြစ်ပါတယ်။


 သတင်းအရ အင်းမရဲစခန်းက အခင်းဖြစ်ပွားရာကို သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအမျိုးသားမှာ နဖူးနဲ့နှာခေါင်းထိပ် ပွန်းခြစ်ဖူးရောင်ဒဏ်ရာ၊ လည်ပင်းမှာကြိုးလို့ထင်ရတဲ့အရာနဲ့ ရစ်ပတ်ထားတဲ့ညိုမဲဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ခဲ့တာဖြစ်ပါတယ်။

 အဲဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အင်းမရဲစခန်းက (ပ)၂၃၀/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ပြည့်သဲမောင်(ပြည်)ပေးပို့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ -  ပြည့်သဲမောင်(ပြည်)
Central News Bureau
https://www.facebook.com/skynetcnb/
ရန်ကုန်-ပြည် ကားလမ်းဘေးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.