တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ


အောက်တိုဘာ ၂၃၊၂၀၁၇

မောင်တောမြို့နယ် နယ်မြေ(၁) နယ်စပ်မှတ်တိုင် (၄၆-၄၇)ကြားအနီး၌ အောင်သပြေကျေးရွာနေ တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၄ ဦးဖြစ်သည့် မောင်ငယ်လှ ၂၉ နှစ်၊ မောင်ရွှေသိမ်း (၂၈)နှစ်၊ မောင်စိန်လှမောင် (၃၂)နှစ် ၊ မောင်နီထွန်း(၂၀)နှစ် တို့ လေးဦးသည် အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ တောဝက်ခြေရာခံ လိုက်ဖမ်းရာ နယ်စပ်ခြံစည်းရိုးနှင့်ကိုက်(၁၀၀)ခန့်အကွာအရောက် အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ထားသူ ၁၅ ဦီးခန့်မှ မောင်ငယ်လှပါ ၄ ဦးအား သေနတ်များဖြင့် ၀ိုင်းဝန်းပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် မောင်စိန်လှမောင်နှင့် မောင်နီထွန်းတို့ နှစ်ဦးမှာ သေဆုံးသွားပြီး မောင်ငယ်လှနှင့် မောင်ရွှေသိမ်းတို့၂ ဦးတွင် ၀ဲပါး၊ လက်ဖျံ၊ ယာခါး၊ တင်ပါး ရှပ်ထိ ဒဏ်ရာရရှိကာ ပြန်လည်ထွက်ပြေးခဲ့ရာ ည ၁၀ နာရီအချိန်တွင် အောင်သပြေကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒဏ်ရာ ရရှိသူ ၂ ဦးအား အောင်သပြေ ဆေးရုံမှတစ်ဆင့် မောင်တောဆေးရုံသို့ ဆက်လက်တင်ပို့ခဲ့ပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီခွဲတွင် သေဆုံးသူ ၂ ဦး အား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာသားလမ်းပြ ၂ ဦးဖြင့် လိုက်လံရှာဖွေခဲ့ရာ ယနေ့ နံနက် ၁၀ နာရီမိနစ် ၄၀ တွင် အခင်းဖြစ်နေရာ၌ ပြန်လည်တွေ့ရှိ သဖြင့် အောင်သပြေကျေးရွာသို့ ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

Information Committee
https://www.facebook.com/InfomationCommittee

တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.