အမျိုးသမီးတစ်ဦး၏ ဆံထုံးအတွင်းမှ မိသော မူးယစ်ဆေး


မုံရြာေ - အာက္တုိဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် အောက်တိုဘာ ၂၄ ရက် ညပိုင်းက အမျိုးသမီးတစ်ဦး၏ ဆံထုံးအတွင်းမှ စိတ်ကြွရူးသွတ်ဆေးပြားများ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

မုံရွာမြို့ဒေါနခြံရပ်ကွက်အနီး ဗိုလ်ချုပ်လမ်းနှင့် လယ်တီလမ်းဒေါင့်တွင် ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသည့် အမျိုးသမီးတစ်ဦး၏ ဆံထုံးအတွင်းမှ 88/1 တံစိတ်ပါ ပန်းရောင် စိတ်ကြွရူးသွတ်ဆေးပြားများ နှင့်အတူ ငွေလေးသိန်းကျော်ပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုံရွာမူးယစ်တပ်ဖွဲ့စု ၈ မှ ရဲအုပ်သူရထွန်းလက်မုံရွာမြို့ရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်စိုးမင်းထွန်းဦးစီးသည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာ ၂၄ ရက် ည၆နာရီခန့်က ဒေါနခြံရပ်ကွက်အနီး ဗိုလ်ချုပ်လမ်းနှင့်လယ်တီလမ်းဒေါင့်တွင် စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ခန့်ကိုကိုအောင် မောင်းနှင်လာသည့် ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ၄င်းဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသည့် မခင်လေးဆိုသူ အမျိုးသမီးတစ်ဦး၏ ဆံထုံးအတွင်း သိုဝှက်လာသည့် 88/1 တံစိတ်ပါ စိတ်ကြွရူးသွတ်ဆေးပြား ၉၉ ပြားနှင့် ၄င်းကိုင်ဆောင်လာသည့် အိပ်အတွင်းမှ ငွေစက္ကူရောရာ ၄၆၀၀၀၀ ကျပ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးသယ်ဆောင်လာသူ မခက်လေးနှင့် ခန့်ကိုကိုအောင်တို့နှစ်ဦးအား ရဲအုပ်သုရထွန်းလက်မှ မုံရွာမြို့မရဲစခန်း မယ(ပ)၂၁/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေဆိုင်ရာပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုရေးဖွင့်တိုင်တန်းပြီး ဒုရဲအုပ် ကောင်းသာထွန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/mgmglay.ngenge
အမျိုးသမီးတစ်ဦး၏ ဆံထုံးအတွင်းမှ မိသော မူးယစ်ဆေး အမျိုးသမီးတစ်ဦး၏ ဆံထုံးအတွင်းမှ မိသော မူးယစ်ဆေး Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.