ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် (၁၂)ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား


ရွှေတောင် အောက်တိုဘာ ၃ဝ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရပ် ရန်ကုန်-ပြည်အဝေးပြေး ကားလမ်းမပေါ်တွင် အောက်တိုဘာ(၃ဝ)ရက်နေ့ နံနက်(၂)နာရီအချိန်က (၁၂)ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။


ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်၊ တည်ကုန်းရပ် ရန်ကုန်-ပြည် ကားလမ်း မပေါ်တွင် ရန်ကုန်မှပြည်ဘက်သို့ ယာဉ်မောင်း(စီစစ်ဆဲ )မောင်းနှင် လာသော YGN5D/----(SuperGreat)အမျိုးအစား (၁၂)ဘီးယာဉ်သည် ကုန်များတင်ဆောင်ပြီးမောင်းနှင်လာစဉ် ဘီးပေါက်၍ဟန်းဘရိတ်ဆွဲစဉ်နောက်ဘီးဘယ်ဘက်တာယာကျွတ်ထွက်ပြီး ပွတ်တိုက်မှုဖြစ်ရာမှ ဘရိတ်ချူးများအပူလွန်ကဲကာ စတင်မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းစုံစမ်းတွေ့ရှိချက်များအရသိရသည်။

 ယာဉ်မီးလောင်သည့်နေရာသို့ ရွှေတောင် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ် ရေယာဉ်(၁)စီးတို့ဖြင့်ငြိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီ(၂၅)မိနစ် အချိန်တွင်မီးကိုထိန်းနိုင်ပြီး (၂)နာရီ(၄ဝ)မိနစ် အချိန်၌လုံးဝမီးငြိမ်း သတ်နိုင်ခဲ့သည်။

 အဆိုပါမီးလောင်မှုကြောင့် ကားတာယာ၊ ကားအောက်ပိုင်း၊ တာယာ၊ ဂွေ၊ ဘော်ဒီပျက်စီးကာ ဆုံးရှုံးမှုတန်ဘိုး ၅ဝဝဝဝဝ ကျပ်နှင့် ကားပေါ်တွင် ပါလာသော စိုက်ပျိုးရေးသုံးပစ္စည်း၊ ပိုးသတ်ဆေးအမျိုးမျိုး၊ စားအုန်းဆီ၊ အိမ်ဆောက်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတန်ဘိုး ၁၅ဝဝဝဝဝ ကျပ်ဖိုး၊ စုစုပေါင်းတန်ဘိုး ၂ဝဝဝဝဝဝ(သိန်းနှစ်ဆယ်)ခန့်ဆုံးရှုံးသွားခဲ့ကြောင်း သိရ၍ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းဖြစ်သူအား ရွှေတောင်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် (၁၂)ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် (၁၂)ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.