ဘုန်းကြီးကျောင်းမုခ်ဦးတံခါးကြားတွင် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား


မိုးကောင်း - အောက်တိုဘာ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ဗန်းမောက်ကုန်းဘုန်းကြီးကျောင်းတံခါးမုခ်ဦးကြားတွင် အောက်တိုဘာ ၁၈ ရက်နံနက် ၆နာရီခွဲက အမျိုးသားတစ်ဦး မတ်တပ်ရပ်အနေအထားနှင့် သေဆုံးနေကြောင်း ကနဦးသတင်းများအရ သိရသည်။

နယ်မြေသတင်းများအရ စုံစမ်းသိရှိရသည်မှာ သေဆုံးသူသည် ဦးစံလှ(၄၂)နှစ်(ဘ)ဦးစံဌေး၊ပဲခူးစုကျေးရွာ ပင်းဘောကျေးရွာအုပ်စု မိုးကောင်းမြို့နယ် နေထိုင်သူဖြစ်ပြီး သေဆုံးရသည့်အကြောင်းအရာကို ပင်းဘောနယ်မြေရဲစခန်းမှူး ရဲအုပ်နေအောင်ကျော်ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ စီစစ်ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံးသူအား ပင်းဘောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျှက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

ဝင်းနိုင် ကချင်မြေ
www.facebook.com/winnaing.net
ဘုန်းကြီးကျောင်းမုခ်ဦးတံခါးကြားတွင် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား ဘုန်းကြီးကျောင်းမုခ်ဦးတံခါးကြားတွင် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.