ကျောက်တံခါးမြို့နယ်၌ ယာဉ်နှစ်စီးတိုက်မိရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ


ကျောက်တံခါး အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင်အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၅နာရီခွဲအချိန်ခန့်ကယာဉ်နှစ်စီးတိုက်မိရာမှ ယာဉ်မောင်း တစ်ဦးသေဆုံး၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာတောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေးကားလမ်း ဟာင်းမိုင်အမှတ် ၁၂၇/၂ နှင့် ၁၂၇/၃အကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ယာဉ်မောင်းကိုကျော်ကို ၂၈နှစ်ပဲခူးမြို့နေသူမောင်းနှင် လာသောGF -----တွဲယာဉ်အမှတ် TLR-----အဝါရောင်တွဲယာဉ် သည်လယ်ယာသုံးထွန်စက်များတင်ဆောင်မောင်းလာစဉ် ဘရိတ်ဆီပိုက်ပေါက်သဖြင့်လမ်း၏ယာဘက်ခြမ်းသို့ချကာပြုပြင်နေစဉ် လားရာတူဘက်သို့ ဆားအုန်းဆီပေပါများတင်ဆောင်ကာ ယာဉ်မောင်း ကျော်စိုး ၄၂ နှစ် ရွေဘို မြို့နယ်နေသူမောင်းနှင်လာသော ယာဉ်အမှတ် 4H/----ဟီးနိုးအဖြူရောင် ၁၂ ဘီးယာဉ်မှ အရှိန်လွန်ကာ တွဲယာဉ်အား နောက်မှတည့်တည့်ဝင်တိုက်မိခဲ့သဖြင့်၁၂ဘီးယာဉ်မောင်းမှာအခင်းဖြစ်နေရာတွင်ကား၏စီယာတိုင်နှင့်ညှပ်မိကာရင်ဘတ်ချိုင့်ဝင်ဒဏ်ရာရရှိကာသေဆုံးခဲ့ရပြီးယာဉ်နောက်လိုက်မှာအနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ယာဉ်နှစ်စီးလုံးပျက်စီးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ သေဆုံးသူယာဉ်မောင်းအားတောကျွဲအင်းနယ်မြေရဲစခန်းမှ အမှူဖွင့်အရေးယူထားကြောင်းသိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်တံခါးမြို့နယ်၌ ယာဉ်နှစ်စီးတိုက်မိရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ ကျောက်တံခါးမြို့နယ်၌ ယာဉ်နှစ်စီးတိုက်မိရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.