လက်လုပ်မိုင်း နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

ဘူတာခါလီကျေးရွာနှင့် လက်ဖွဲ့ကျကျေးရွာကြား သဘောင်္လှချောင်းကမ်းပါး၌ လက်လုပ်မိုင်း နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ
ရခိုင်ဂေဇက်၊အောက်တိုဘာ ၁၉

ဒေသခံများ၏ သတင်းပေးချက်အရ အောက်တိုဘာလ (၁၇) ရက်နေ့ညနေ ၆ နာရီ၁၀မိနစ် အချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များနှင့်ရွာသားများမှဘူတာခါလီကျေးရွာနှင့်လက်ဖွဲ့ကျကျေးရွာကြားသဘောင်္လှချောင်းကမ်းပါးနေရာအားသွားရောက်စစ်ဆေးရာမှ သဘောင်္လှချောင်းကမ်းပါးအနီးမြေတွင်းထဲတွင်မြှုပ်ထားသောလက်လုပ်မိုင်းများတွေ့ရှိ ခဲ့ရကြောင်း တောင်ပြိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှသိရသည်။
“ သဘောင်္လှကျေးရွာက ရွာသားတွေ ထင်းခုတ်သွားတဲ့အချိန်မှာ ဘူတာခါလီကျေးရွာနှင့်လက်ဖွဲ့ကျကျေးရွာကြား သဘောင်္လှချောင်းကမ်းပါးအနီးမှာ လက်လုပ်မိုင်းလို့ယူဆရတဲ့ သံပိုက်နဲ့လုပ်ထားတဲ့အရာတွေကို တွေ့ရှိခဲ့ကြတယ်။ အဲဒီတော့ သဘောင်္လှကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သဘောင်္လှကျေးရွာကင်းစခန်းကို တိုင်ကြားခဲ့ကြတယ်။ စခန်မှူး ရဲအရာရှိ ဦးသိန်းနိုင်စိုးကဦးစီးပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရွာသားတွေ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြပါတယ်။” ဟု တောင်ပြို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းအောင်မှ ရခိုင်ဂေဇက်သို့ပြောကြားသည်။

သိမ်းဆည်းရမိသောပစ္စည်းများမှာ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင် သော သံပိုက်ဖြင့်ပြုလုပ်ထားသည့် အချင်း(၇) လက်မ၊ အလျှား ၆ ဒသမ ၅ လက်မရှိ လက်လုပ်မိုင်း ၄ လုံး၊ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသော အချင်း ၃ လက်မ၊ အလျှား ၈ လက်မရှိ ဒေသန္တရ လက်လုပ် မိုင်းအသေး ၁ လုံး၊ အချင်း ၁၁ လက်မ၊ အရှည် ၆ လက်မရှိ ဒေသန္တရ လက်လုပ်မိုင်းအကြီး ၁ လုံး၊ အဝေးထိန်းခလုတ် Transmitter Remote Control ၈ ခု၊ Receiver Circuit ၂ ခု၊ ဝါယာကြိုး(နီ/နက်) ၄၀ ပေ၊ ဝါယာကြိုး(နီ/ဝါ) ၅၆ ပေ၊ ဝါယာကြိုး (အဖြူ) ၉ပေနှင့် အသုံးပြုမရသော CDMA 450 အထိုင်ဖုန်း ၁ လုံးတို့ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ လက်လုပ်မိုင်းများရှာဖွေ တွေ့ရှိခဲ့သည့် နေရာဒေသတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ပြီးနယ်မြေ ရှင်းလင်းရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

ဓါတ်ပုံ -  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ခိုင်သန္တာ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
လက်လုပ်မိုင်း နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ လက်လုပ်မိုင်း နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.