၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၀၂ ရက်နေ့ ၂၀၂၀ အချိန် တာမွေမြို့နယ်၊ တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးတံတားအောက်မီးပွိုင့်ရှိ ယာဉ်ထိန်းဂိတ်တဲ၌ ကျောက်တော်မြို့နယ် ခေါင်းတောင်း ပလောင်ကျေးရွာနေ ဆော်လိမ်၊ (၂၁)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျပန်း၊ (ဘ)ဒူရာကိန်း၊ ရာတူကျေးရွာ နေ မရာစမီနာ၊ (၁၈)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျပန်း၊ (ဘ)ရောလ်ဟီမူတီး တို့(၂)ဦးအား ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ(၂၅)မှ ရဲတက သန်းဇော်ထွန်းပါ(၂)ဦးက မသင်္ကာဖွယ်တွေ့ရှိသဖြင့် တာမွေမြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်အောင်နှင့်အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ပါသည်။
စစ်ဆေးချက်အရ ၎င်းတို့(၂)ဦးအား လွန်ခဲ့သော(၁၅)ရက်ခန့်က ယာဉ်အမှတ် (စိစစ်ဆဲ) ပရိုဘောက်အဖြူရောင်ယာဉ်ဖြင့် ကျား(၁)ဦး(စိစစ်ဆဲ)က ရန်ကုန်မြို့တွင် အလုပ်ရမည်ဟုဆိုကာ ၎င်းတို့နေထိုင်သည့်ရွာမှ ခေါ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့(၂)ဦးနှင့်အတူ အမည်မသိအခြား ဘင်္ဂါလီ (၃)ဦးတို့လည်း လိုက်ပါခဲ့ကြောင်း၊ (၂)ရက်ခန့်ကားစီးခဲ့ပြီး ရန်ကုန်မြို့ရှိ၎င်း၏နေအိမ်၌ ခေတ္တ တည်းခိုရန် ပြောဆိုသဖြင့် (၁၃)ရက်ခန့် တည်းခိုခဲ့ကြောင်း၊ လွန်ခဲ့သည့်(၂)ရက်ခန့်က ၎င်းတို့(၅)ဦး အား ရန်ကုန်မြို့တွင်းသို့ ခေါ်ဆောင်ခဲ့ပြီး နေရာ(မမှတ်မိ)အရောက် ၎င်းတို့(၂)ဦးအား ကားပေါ်မှ ချထား၍ ခေတ္တစောင့်ဆိုင်းရန် ပြောကြားကာ ကျန်(၃)ဦးအား ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းတို့ (၂)ဦးမှာ ကားသမားချထားခဲ့သည့် နေရာတွင်(၂)ရက်ခန့် လှည့်လည်သွားလာနေရာမှ ယာဉ်ထိန်း ဂိတ်သို့ရောက်ရှိ နားနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါဘင်္ဂါလီ(၂)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ လဝကဦးစီးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့တို့မှ ဆက်လက် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Ministry of Home Affairs, Myanmar
တာမွေမြို့နယ်၌ ဘင်္ဂါလီ(၂)ဦးအား တွေ့ရှိစစ်ဆေးမှု
Reviewed by THITHTOOLWIN
on
21:07
Rating:
