အမျိုးသားရေး ဆရာတော် ဦးဝီရသူ မောင်တောကို သွားရောက်လှူဒါန်း

အငြင်းပွားဖွယ်ဟောပြောမှုတွေပြုလုပ်သူလို့ နိုင်ငံတကာက သိထားသူ ဦးဝီရသူ
အမျိုးသားရေးဆရာတော်လို့ နာမည်ကျော်နေတဲ့ မစိုးရိမ်တိုက်ဆရာတော် ဦးဝီရသူဟာ မောင်တောတိုက်ခိုက်မှုအပြီး ဒုက္ခရောက်နေသူတွေကို ကူညီဖို့အတွက် ရခိုင်ပြည်နယ် မောင်တော ဒေသကို ရောက်ရှိနေပါတယ်။

မောင်တော ခရီးစဉ်အတွင်းမှာ ဒေသခံ တိုင်းရင်းသားတွေကို အဓိကထားလှူဒါန်းခဲ့သလို မွတ်ဆလင် အတန်းကျောင်းအချို့နဲ့ မွတ်ဆလင်ကလေးတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီတခေါက်ခရီးစဉ်အတွင်းမှာ ဆရာတော် အသုံးအနှုန်းအရ ဘင်္ဂလီတွေကို အရင်ခရီးစဉ်လို များများစားစား မတွေ့ရတော့တဲ့အတွက် တိုင်းရင်းသားတွေကိုပဲ အဓိကထား ကူညီဖြစ်တယ်လို့ ဘီဘီစီကို မိန့်ပါတယ်။

ဒီတခါလာတော့ ဘင်္ဂလီရွာတွေမှာ လူတွေကို မတွေ့ရတော့ သူတို့ ဘယ်ဆီနေမှန်းမသိတော့ တိုင်းရင်းသား သက်သက်ပဲလှူဖြစ်မှာပေါ့။ မောင်တောမှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပါပဲ။ ခပ်ခြောက်ခြောက်တော့ ဖြစ်နေတာပေါ့။ လို့ မောင်တော အခြေအနေနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူက ဆိုပါတယ်။

အရင်က ရခိုင်ပြည်နယ်ကို ရောက်ဖူးခဲ့တဲ့ ဆရာတော်က ဒေသခံ မွတ်ဆလင်တွေဟာ ရိုးသားပြီး အေးအေးဆေးဆေး နေထိုင်တတ်ကြကြောင်း ၊ ရန်လိုတဲ့ စိတ်တွေမတွေ့ရပဲ လှုံ့ဆော်မှုတွေနဲ့ အကြပ်ကိုင်မှုတွေရှိလို့သာ ဒီမောင်တောအရေးအခင်းမှာ ပါဝင်ပတ်သက်ကြတာဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။ ဒီတကြိမ်တော့ မွတ်ဆလင်တွေကို အတွေ့ရနည်းတဲ့အတွက်လည်း သူတို့အခြေအနေကို သိပ်မပြောတတ်သလို အခုလို ရခိုင်ပြည်နယ်ကို လာရောက်လှူဒါန်းနိုင်ဖို့အတွက် အရေးအခင်းစဖြစ်ကတည်းက စီစဉ်ခဲ့တာဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ ဓညဝတီ အားကစားကွင်းမှာ ခေတ္တခိုလှုံနေတဲ့ ဟိန္ဒူဒုက္ခသည်တွေအတွက်လည်းလည်း လှူဒါန်းခဲ့သလို အဓိဌာန်ဘုန်းတော်ကြီးကျောင်းက ရခိုင်တိုင်းရင်းသား နေရပ်စွန့်ခွာသူတွေအတွက်လည်း လှူဒါန်းခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမျိုးသားရေး ဆရာတော် ဦးဝီရသူ မောင်တောကို သွားရောက်လှူဒါန်း အမျိုးသားရေး ဆရာတော် ဦးဝီရသူ မောင်တောကို သွားရောက်လှူဒါန်း Reviewed by THITHTOOLWIN on 14:36 Rating: 5
Powered by Blogger.