ဘုရားဖူးထော်လဂျီယာဉ်မှ တောင်ဆင်းလမ်းတွင် ဘရိတ်ပေါက်ကာ ဆိုင်ကယ်နှင့်တိုက်


ကျောက်ကြီး အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့တွင် အောက်တိုဘာ ၆ ရက် ညနေ ၆နာရီခွဲအချိန်ခန့်က ဘုရားဖူးထော်လဂျီယာဉ်မှ တောင်ဆင်း လမ်းတွင်ဘရိတ်ပေါက်ကာ ဆိုင်ကယ်နှင့်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့ ရှင်သီဝလီခြေတော်ရာစေတီတော် အားဖူးမျှော်ပြီးတောင်ပေါ်မှတောင်ဆင်းကွန်ကရစ်လမ်းအတိုင်း ယာဉ်မောင်းဥူးရာဇဓရ သက်တော် ၂၂ နှစ် ဝါတော်(စုံစမ်းဆဲ) တောင်သလဲပင်ကျောင်းတိုက် ပဲနွယ်ကုန်းမြို့ နေသူမောင်းနှင်းလာသော အပြာရောင်ထော်လာဂျီ ယာဉ်အမှတ်၉ဌ/၂၄၈၉ ယာဉ်အားမောင်းနှင်ပြီး ယာဉ်ပေါ်တွင် သံဃာ ၂၀ ပါး ကိုရင် ၃၁ ပါး နှင့်ကျောင်းသား ၂ ဦးတို့အားတင်ဆောင်ကာမောင်းနှင်လာစဉ်တောင်ဆင်းကွေ့အရောက်တွင်ဘုရားဖူးရန်တောင်တက်လမ်းအတိုင်းယာဉ်မောင်းသန်းထိုက်အောင် ၂၁ နှစ် သိမ်တန်းရပ်ကွက် ကျောက်ကြီးမြို့နေသူ မောင်းနှင်ပြီး နောက်တွင် မအေးစန္ဒာထွေး ၂၃ နှစ်(နေရပ်တူ)တို့စီးနှင်းလာသောနံပါတ်မပါ Tar Yan -110 အစိမ်းရောင်ဆိုင်ကယ်တို့နှင့်တိမ်းရှောင်မောင်းနှင်ရာတွင်ထော်လာဂျီယာဉ်မှာရုတ်တရက်ဘရိတ်ပေါက်ကာဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့ပြီးထော်လာဂျီယာဉ်မှာလမ်း၏ညာဘက်သို့လည်းကောင်းဆိုင်ကယ်မှာဘယ်ဘက်ခြမ်းသို့လည်းကောင်းအသီးသီးတိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှူဖြစ်စဉ်ကြောင့်ဆိုင်ကယ်ပေါ်တွင်ပါရှိသူနှစ်ဦး နှင့် ထော်လာဂျီယာဉ်ပေါ်တွင်ပါရှိလာသူသံဃာ နှင့် ကိုရင် ၂၁ ပါး နှင့် ကျောင်းသား ၂ ဦးတို့မှာပြင်းထန်ထိခိုက်(စိုးရိမ်ရ) ဒဏ်ရာများရရှိကာ ကျောက်ကြီးဆေးရုံသို့တင်ပို့ဆေးကုသထားရာမှ စိုးရိမ်ရလူနာများအား ကျောက်ကြီး ပဲနွယ်ကုန်း ကျောက်တံခါး တောကျွဲအင်းမြို့များ ရှိအရေးပေါ်လူနာတင်ယာဉ်များဖြင့် ရန်ကုန်ဆေးရုံကြီးသို့လွှဲပြောင်းကာ ဆေးကုသမှူခံယူစေခဲ့ကြောင်း သိရသည်။
"ဖြစ်တာကတောင်အဆင်းလမ်းနားကကွေ့နားမှာဖြစ်တာ ထော်လာဂျီက တောင်ပေါ်ကအဆင်းဆိုင်ကယ်ကအတက်မှာဖြစ်တာကြတာပါလမ်းကကွန်ကရစ်တောင်ပတ်လမ်းပါသစ်ပင်တွေရှိနေတာကကံကောင်းသွားတာလေတစ်ဘက်ကဂျောက်ကြီးကမ်းပါးရံဘုရားဖူးလာတဲ့သံဃာတွေကစာသင်တိုက်ပဲလေ ဘရိတ်ပေါက်ပြီးတုံးလုံးလဲသွားတာထော်လာဂျီက ဆိုင်ကယ်ပေါ်ကနှစ်ယောက်လည်းစိုးရိမ်ရတယ်ရန်ကုန်တင်သွားပြီ ကျောင်းထိုင်ဆရာတော်လည်းရန်ကုန်တင်ရတယ်"ဟုကယ်ဆယ်ရေးတွင်ပါဝင်သူဒေသခံတစ်ဦးမှပြောကြားခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပက်သက်၍လူနာကအရမ်းများတော့လူုနာတင်ယာဉ်တွေပါအကူအညီတောင်းနေရတယ်ယာဉ်အားမဆင်မခြင်မောင်းနှင်ကြသောယာဉ်မောင်းဥူးရာဇဓရ နှင့်သန်းထိုက်အောင်တို့အားကျောက်ကြီးမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘုရားဖူးထော်လဂျီယာဉ်မှ တောင်ဆင်းလမ်းတွင် ဘရိတ်ပေါက်ကာ ဆိုင်ကယ်နှင့်တိုက် ဘုရားဖူးထော်လဂျီယာဉ်မှ တောင်ဆင်းလမ်းတွင် ဘရိတ်ပေါက်ကာ ဆိုင်ကယ်နှင့်တိုက် Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.