ဘားအံမြို့နယ်တွင် ညီအကိုချင်း စကားများရာမှ စိတ်ဆိုးပြီး နေအိမ်အား မီးရှို့


ဘားအံ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ စံဖရီးကျေးရွာ၊ ပအို့ဝ်စုရပ်ကွက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ညနေပိုင်းက ညီအကိုချင်းစကားများရာမှ စိတ်ဆိုးကာ နေအိမ်အတွင်း အ၀တ်အထည်များအား မီးနှင့်ရှို့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့် စံဖရီးကျေးရွာ၊ ပအို့ဝ်စုရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ ဖြင့်သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ ဦးအနီး(ခ)ဦးမြအောင်ကြည်၏ (၅)ပင်(၃)ခန်း၊ ပျဉ်ထောင်၊ပျဉ်ခင်း၊သွပ်မိုးနေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရှုံးသွားခဲ့ ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ အခင်းမဖြစ်မီင်္အချိန်က ဦးအနီး(ခ)ဦးမြအောင်ကြည်နှင့်အကိုတော်စပ်သူ ဦးသန်းလွင်တို့ စကားများရာမှ စိတ်ဆိုးပြီး နေအိမ်အတွင်းရှိ ဗီရိုအတွင်းမှ အ၀တ်အထည်များအားနေအိမ်ကြမ်းပြင်ပေါ် ချပြီးမီးရှို့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရပြီး မီးလောင်သည့်နေရာအား ရဲတပ်ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ မဖြစ်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မိမိနေအိမ်အား မီးရှို့သူ ဦးအနီး(ခ)ဦးမြအောင်ကြည်အား စက်မှုဇုန်နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးကျော်ညွှန့်မှ ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://thanlwinnews.com
ဘားအံမြို့နယ်တွင် ညီအကိုချင်း စကားများရာမှ စိတ်ဆိုးပြီး နေအိမ်အား မီးရှို့ ဘားအံမြို့နယ်တွင် ညီအကိုချင်း စကားများရာမှ စိတ်ဆိုးပြီး နေအိမ်အား မီးရှို့ Reviewed by THITHTOOLWIN on 23:05 Rating: 5
Powered by Blogger.