ထိုင်းနိုင်ငံ အုန်းသီးစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၅ဝ ကျော် အခက်အခဲများဖြစ်ပေါ်


ဗန်ကောက် အောက်တိုဘာ ၁၁

ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့နယ် အုန်းသီးအလုပ်ရုံမှ အလုပ်ဖြုတ် လိုက် သည် ဟုဆိုကာ MoU မြန်မာ အလုပ်သမား ၅ဝ ကျော် အခက်အခဲ များဖြစ်ပေါ် ၍ အောက်တိုဘာလ ၁၀ ရက်နေ့ က ဗန်ကောက်မြို့ရှိ မြန်မာသံရုံး ရှေ့တွင် အထုပ် အပိုးများဖြင့် လာရောက် အကူအညီတောင်းခံခဲ့ကြကြောင်း ထိုင်းနိုင်ငံမှ လာသည့်သတင်းများအရ သိရသည်။

အဆိုပါအလုပ်သမားများအား မြန်မာနိုင်ငံ မှတစ်ဆင့် အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုမှ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ၌ ထိုင်းလူမျိုး တစ်ဆင့်ခံပွဲစားများနှင့် မြန်မာ လူမျိုး တစ်ဆင့်ခံ ပွဲစားများလက် အတွင်းသို့ လွှဲအပ် လိုက်သည့်အတွက် အလုပ်မရှိ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း အလုပ်သမားများ၏ ပြောပြချက် အရ သိရသည်။

အဆိုပါ အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မြန်မာအလုပ်သမားများအား အလုပ်သမား သံအရာရှိအေဂျင်စီများ၊ စည်းကမ်းထိန်းသိမ်းရေးMOEAF အဖွဲ့ ၊AAC မဟာမိတ်အဖွဲ့နှင့် တာဝန်ယူပို့ဆောင်ပေးသည့် အေဂျင်စီ တာဝန် ရှိသူများ ပူးပေါင်းကာ လိုက်လံကူညီဖြေရှင်းပေးလျက်ရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် နေစရာအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မြန်မာ လုပ်သား များအား AAC အဖွဲ့ ဂေဟာ တွင် ခေတ္တကျွေးမွေးစောင့်ရှောက် ထားပြီး သက်ဆိုင်ရာနယ်မြေ အလုပ် သမား ရုံးမှ တစ်ဆင့် နစ်နာကြေးများ ရရှိနိုင်ရေး လိုက်လံ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း အလုပ်သမားအရေး အကူအညီပေးလျက်ရှိသည့် AAC မဟာမိတ်အဖွဲ့ ၏ ပြောကြားချက်များအရ သိရသည်။

ကျော်စိုး(ကော့သောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ထိုင်းနိုင်ငံ အုန်းသီးစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၅ဝ ကျော် အခက်အခဲများဖြစ်ပေါ် ထိုင်းနိုင်ငံ အုန်းသီးစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၅ဝ ကျော် အခက်အခဲများဖြစ်ပေါ် Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.