ကားလမ်းတံတားအုတ်ခုံအား ကားဖြင့်ဝင်တိုက်မိ၍ အမျိုးသား တစ်ဦးသေဆုံးကာ ခရီးသည်ခုနစ်ဦး ဒဏ်ရာရ


မိုးကောင်း အောက်တိုဘာ ၂၁

အောက်တိုဘာ ၂၁ရက်နံနက် ၇နာရီက မြစ်ကြီးနား မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီး ကားလမ်းတံတားအားဝင်တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားခြောက်ဦးအမျိုးသမီးတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေး ဖားကန့်ပြေးဆွဲနေသော မနောရတနာယာဉ်လိုင်းမှ ယာဉ်မောင်းဝင်းမင်းဦး(၂၄)နှစ်မောင်းနှင်လာသော ကိုရီးယားဝက် အမျိုးအစားယာဉ်အမှတ်GN----သည် ခရီးသည်(၁၀)ဦး တင်ဆောင်၍ ဖားကန့်ဘက်သို့မောင်းနှင်လာစဉ် မိုးကောင်းမြို့နယ်ဆားမော်ကျေးရွာ အုပ်စုကညင်မြိုင်ကျေးရွာအဝင် ကားလမ်းမိုင်တိုင်အမှတ်(၃၇၅/၃၇၆)ကြား အရောက်တံတားအုတ်ခုံအား ဝင်တိုက်မိခဲ့၍ ဦးတင်မင်းဦး(၃၇)နှစ် မြောင်မြို့နယ်ဇီးကျွန်းကျေးရွာနေထိုင်သူမှာ သေဆုံးပြီး အမျိုးသား(၆)ဦး အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူနှင့် ဒဏ်ရာရှိသူများအား မိုးကောင်းမြို့နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် တောင်နီကျေးရွာ လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ထားပြီးမိုးကောင်းမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကားလမ်းတံတားအုတ်ခုံအား ကားဖြင့်ဝင်တိုက်မိ၍ အမျိုးသား တစ်ဦးသေဆုံးကာ ခရီးသည်ခုနစ်ဦး ဒဏ်ရာရ ကားလမ်းတံတားအုတ်ခုံအား ကားဖြင့်ဝင်တိုက်မိ၍ အမျိုးသား တစ်ဦးသေဆုံးကာ ခရီးသည်ခုနစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.