အိမ်မွေး ဝက်မကို ညအချိန်ဝင်ရောက်၍ ကာမဆက်ဆံသူအား ခြံပိုင်ရှင်မှ ရဲတိုင်


မုံရွာ၊ အောက်တိုဘာ ၁၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ရေကြောရွာတွင် အိမ်တွင်မွေးထားသော ဝက်မအား ညအချိန် ဝင်ရောက် ကာမဆက်ဆံသူ အား ခြံပိုင်ရှင် အမျိုးသမီးက ရဲစခန်းသို့ တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဒေါ်အေးသန်းသည် နေအိမ်အောက် အဖီတဲတွင် မွေးထားသော ဝက်မ၏ စူးစူးဝါးဝါး အော်သံကြောင့် နိုး လာပြီး လက်နှိပ်မီးဖြင့် ထိုးကြည့်စဉ် တစ်ရွာတည်းနေ အသက် ၅၂နှစ်အရွယ် ------ အားတွေ့ခဲ့ရသည်။

၎င်းသည်ဝက်မအား တက်ခွ၍ ကာမဆက်ဆံသဖြင့် အော်ဟစ်လိုက်ရာ ပုဆိုးစလွယ်သိုင်းလျှက်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ရဲစခန်းသို့ တိုင်ကြားချက်အရ သိရသည်။

၎င်းအမှုအား ပုလဲမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၇ဖြင့် အမှုရေးဖွင့်ကာ တိုင်ကြားခံရသူကို ခေါ်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
အိမ်မွေး ဝက်မကို ညအချိန်ဝင်ရောက်၍ ကာမဆက်ဆံသူအား ခြံပိုင်ရှင်မှ ရဲတိုင် အိမ်မွေး ဝက်မကို ညအချိန်ဝင်ရောက်၍ ကာမဆက်ဆံသူအား ခြံပိုင်ရှင်မှ ရဲတိုင် Reviewed by THITHTOOLWIN on 23:42 Rating: 5
Powered by Blogger.