တိုက်ကြီးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း မီးကင်ထားသော တောဆင်ရိုင်း သားရေများတွေ့ရှိ


တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေ့ဘက် မိုင် ၄ဝ အကွာ ဥက္ကံ သစ်တောကြိုဝိုင်း အကွက်အမှတ် ၇၄ အဖျားဒေသခေါ် ကွမ်းမြောင် ကြိုးဝိုင်းတွင် အောက်တိုဘာလ ၈ ရက် က မီးကင်ထားသော တောဆင်ရိုင်း သားရေများတွေ့ရှိကြောင်း တိုက်ကြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီး အရာရှိ ဦးစိုးမြင့်သူကပြောသည်။

အဆိုပါ မီးကင်ထားသော တောဆင်ရိုင်းသားရေများကို မြိုင် ဟေဝန်ဆင်စခန်းအရေးပေါ် ဆင် ထိန်းသိမ်းစောင့်ကြည့်ရေးအဖွဲ့ (E-EUR)ကျောက်ပြုတ်အခြေပြု အဖွဲ့ဦးထွန်းဇင်ခိုင်ချောင်းခေါင်းနှင့် အဖွဲ့ သစ်ထုတ်လုပ်ရေးဦးစီးဌာနမှ ပဲခူးရိုးမတောတွင်း ကင်းလှည့်စဉ် ပလတ်စတစ်အမိုးဖြင့် အုပ်ထားပြီး မီးကင်ထားသော ဆင်သားရေများ တွေ့ရှိခြင်းဖြစ်သည်။

 ဥက္ကံမြို့မှတောအုပ် ဦးအောင်ကျော်ဆန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေးမှ တာဝန်ရှိသူ များ၊ဆင်ဆရာဝန်ဦးဖြိုးသူမောင်နှင့် သစ်တောဝန်ထမ်းများ၊ သစ်တော ရဲများပါဝင်သောအဖွဲ့သည် ဖော်ပြ ပါနေရာ၌ မီးကင်ထားသည့်တော ဆင်ရိုင်းသားရေ ပိဿာချိန် ၂ဝ ကျော်တွေ့ရှိကြောင်း၊ အခြားနေရာမှ ဆင်မုဆိုးများကလာရောက် မီးကင် သိုလှောင်ထားသောနေရာ ဖြစ်ဟန် တူကြောင်း တိုက် ကြီးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောသည်။

 အဆိုပါနေရာများတွင် ဆင်နှင့်ပတ်သက်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ မတွေ့ရသည့် အပြင် မည်သူတစ်ဦးတစ်ယောက် မျှမတွေ့ရှိကြောင်း၊ ယမန်နေ့တွင် ဥက္ကံနယ်မြေရဲစခန်းတွင် တောဆင် ရိုင်းမီးကင်သားရေများတွေ့ရှိမှုနှင့် ပတ်သက်၍တောဆင်ရိုင်းကိုသတ် ဖြတ်သွားသော တရားခံများ ပေါ် ပေါက်ရေးတို့အတွက် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ များထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇ (က)အရ အရေးယူဆောင်ရွက်ပေး ရန် တိုင်တန်းထားကြောင်း တိုက် ကြီးမြို့နယ်သစ်တောဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net
တိုက်ကြီးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း မီးကင်ထားသော တောဆင်ရိုင်း သားရေများတွေ့ရှိ တိုက်ကြီးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း မီးကင်ထားသော တောဆင်ရိုင်း သားရေများတွေ့ရှိ Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.