နယူးမန္တလာထွန်း အလူမီနီယံတန်း ဝင်တိုက်

နယူးမန္တလာထွန်း ခရီးသည်တင် Express မော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသော အလူမီနီယံတန်း ဝင်တိုက်
နေပြည်တော် -အောက်တိုဘာ-၁၂

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ပျော်ဘွယ်မြို့ နယ် ပေပင်လေးအမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၂၅၂/၂ နှင့်၂၅၂/၃ အကြား ရန်ကုန်ဘက်မှမန္တလေး ဘက်သို့ယာဉ်မောင်း ပေါက်ပေါက် မောင်းနှင်လာ သော နယူးမန္တလာထွန်းခရီးသည်တင် Express ယဉ်သည် အောက်တိုဘာလ ၁၂ရက်နေ့ ယနေ့နံနက် ၄ နာရီက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသော အလူမီနီယံတန်းအားဝင်တိုက်ခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ အမျိုးသား ၂၀ ဦး အမျိုးသမီး ၇ ဦးပေါင်း ၂၇ ဦးမှာထိခိုက်မှုမရှိသော်လည်း ယာဉ်မှာခန်မှန်း နှစ်သိန်းဖိုးခန့်ပျက်စည်းသွားကြောင်းသိရသည်။ သို့ပါ၍ယာဉ်မောင်းအား ပေပင်လေးအမြန်လမ်းရဲတပ်ဖွဲ့မှ အရေးယူထား ကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
နယူးမန္တလာထွန်း အလူမီနီယံတန်း ဝင်တိုက် နယူးမန္တလာထွန်း အလူမီနီယံတန်း ဝင်တိုက် Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.