ပုလောမြို့နယ်မှာ လူသတ်မှုဖြစ်ပွား


၁၈-၁၀-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ကထောင်းနီကျေးရွာရှိ ယာတဲတစ်ခုအနီး (၁၇-၁၀-၂၀၁၇)ရက်နေ့က ကျွဲကျောင်းနေသူမှငါးဖမ်းပိုက်ထောင်ရန် ရောက် ရှိနေသူအား ၄င်း၏ ကျွဲများလန့်ပြေးအောင်လုပ်သည်ဟုဆိုကာ အရက်မူးပြီးဆဲဆိုသဖြင့် စကားများကြရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကထောင်းနီကျေးရွာရှိ ဦးမင်းထွေးနိုင်၏ ယာတဲအနီးတွင် ကထောင်းနီကျေးရွာသို့ ကျွဲကျောင်းရန်ရောက်ရှိနေသော ပြင်ဘုကြီး ကျေးရွာနေ ဦးမြင့်သိန်း(ခ)ဂျပန်(၆၂)နှစ်​၊ (ဘ)ဦးဘသီးမှ ကထောင်းနီ ချောင်းအတွင်း ငါးဖမ်း ပိုက်ထောင်ရန်ရောက်ရှိနေသော ပြည်ခြား ကျေးရွာနေ စောတာကရော ကရော(ခ)စောဝေးလ်ဘာ (၃၈) နှစ်​၊ (ဘ)ဦး​စောဘသန်းအား ၄င်း၏ ကျွဲများ လန့်ပြေးအောင်လုပ်သည် ဟုဆိုကာ အရက်မူးပြီးဆဲဆိုသဖြင့် စကားများကြရာ စောတာကရောကရောမှ ဦးမြင့်သိန်း(ခ)ဂျပန်အား အရိုး (၉)လက်မ၊ အသွား (၁၄)လက်မ၊ဗျက်(၂)လက်မခန့်ရှိ ဓားဦးချွန်နှင့်ထိုးလိုက်သဖြင့် ဦးမြင့်သိန်း(ခ) ဂျပန်မှာ ဓားဒဏ်ရာများဖြင့် တောထဲသို့ ထွက်ပြေး သွားကြောင်း သိရသည်။


ယာတဲပိုင်ရှင် ဦးမင်းထွေးနိုင်မှ ပြင်ဘုကြီးကျေးရွာရှိ ဦးမြင့်သိန်း (ခ) ဂျပန်၏သားဖြစ်သူထံ ဖုန်းဆက်အကြောင်းကြားသဖြင့် ကထောင်း နီကျေးရွာသို့ မိသားစုနှင့်အတူသွားရောက်ပြီး ဖခင်ဖြစ်သူအား လိုက်လံ ရှာဖွေရာ(၁၈-၁၀-၂၀၁၇) ရက်​နေ့(၁၀၀၀)အချိန်တွင် ဦးမင်းထွေးနိုင်၏ ယာတဲမှ(၃)ဖာလုံခန့်အကွာ၊ တောထဲရှိ အကျယ်(၄)ပေအနက်(၆) ပေခန့်ရှိ ရေမြောင်းအတွင်း ယာဘက်နံရိုးအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်(အူထွက်ကျ)၊ ဝဲဘက်နံရိုးအောက် ထိုးသွင်းဒဏ်ရာ
(၁) ချက် ရရှိကာ သေဆုံးလျှက် တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူအား ဓားနှင့်ထိုးသူ စောတာကရောကရော(ခ)စောဝေးလ်ဘာ အား အရေးယူပေးရန် သားဖြစ်သူ မျိုးမင်းဇော်မှ တရားလိုပြုတိုင်တန်းသဖြင့် ပလောက်နယ်မြေရဲစခန်းမှ(ပ)၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ၊ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

မြိတ်ခရိုင်သတင်းနှင့် မှုခင်းမီဒီယာ

ပုလောမြို့နယ်မှာ လူသတ်မှုဖြစ်ပွား ပုလောမြို့နယ်မှာ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.