ကာကွတ်မြို့ကို အီရတ် အစိုးရတပ်ဖွဲ့တွေ သိမ်းယူ

 ရေနံချက် စက်ရုံကို အီရတ် တပ်ဖွဲ့တွေ သိမ်းယူ
အီရတ် အစိုးရ တပ်တွေဟာ ၂၄ နာရီ အတွင်း စစ်ဆင်ရေး ဆင်နွှဲကာ အငြင်းပွားနေတဲ့ ကာကွတ်မြို့ကို ကာ့ဒစ်ရှ် တိုက်ခိုက်ရေးသမားတွေ လက်ထဲကနေ သိမ်းယူလိုက်ပါတယ်။

သံချပ်ကာ ကားတွေ မြို့ထဲကို ၀င်ရောက်လာပြီး အီရတ် အလံတွေကို အစိုးရရုံးတွေမှာ လွှင့်တင်ခဲ့ကြပေမယ့် အရပ်သားတွေ ထောင်နဲ့ချီ ထွက်ပြေးနေကြရပါတယ်။

အရင်က အီရတ် အစိုးရနဲ့ ကာ့ဒ်စ် နှစ်ဖက်လုံးကို ထောက်ခံခဲ့တဲ့ အမေရိကန် အစိုးရကတော့ သဘောထား ကွဲပြားမှုတွေကို ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းနေပါတယ်။

သမ္မတ ထရမ့်ကတော့ ဘယ်ဖက်ကမှ ရပ်တည်မှုမဟုတ်ဘူးလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကာ့ဒ် လူမျိုးတွေက လွတ်လပ်ရေး အတွက် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးခဲ့ပြီး သီတင်းပတ်တွေ အတွင်းမှာ အခုလို အီရတ် အစိုးရ တပ်တွေ ချီတက် သိမ်းပိုက်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကာကွတ်မြို့ကို အီရတ် အစိုးရတပ်ဖွဲ့တွေ သိမ်းယူ ကာကွတ်မြို့ကို အီရတ် အစိုးရတပ်ဖွဲ့တွေ သိမ်းယူ Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.