ခွင့်ပြုချက်မဲ့ ပရဟိတ အယောင်ဆောင် အလှူငွေ ကောက်ခံနေမှုများကို ဥပဒေအရ ဖော်ထုတ် အရေးယူမည်


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်တချို့၌ သဘာဝဘေးဒဏ်နှင့် တခြားလူမှုကယ်ဆယ်ရေး ကိစ္စရပ်များကို အကြောင်းပြကာ သက်ဆိုင်ရာသို့ အသိပေးခွင့်ပြုချက် မရယူဘဲ ပရဟိတ အလှူခံအဖွဲ့ အယောင် ဆောင်၍ အဖွဲ့လိုက် သို့မဟုတ် လူနည်းစုအဖွဲ့များက ပြည်သူလူထုထံမှ အ လှူငွေ လိုက်လံ ကောက်ခံနေမှုကို ဥပဒေ အရ ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေထံမှ သိရသည်။

''တချို့ပရဟိတအဖွဲ့တွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် တကယ်အလုပ်လုပ်တဲ့ ပရဟိတအဖွဲ့တွေ ဂုဏ်သိက္ခာထိခိုက် တာတွေရှိတယ်။ လိမ်လည်ပြီး အလှူခံတာတွေ၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကောက်ခံတာတွေရှိတယ်။ ဒါကို သက်ဆိုင် ရာအုပ်ချုပ်ရေး အဖွဲ့တွေက ပြဋ္ဌာန်းချက် ၁၂ ချက်နဲ့စိစစ်ပြီး မမှန်မ ကန် လုပ်ဆောင်နေတယ်ဆိုရင် မြို့နယ်အုပ်ချုပ် ရေးအဖွဲ့တွေက ဥပဒေအတိုင်း အရေးယူမှာပါ'' ဟု ဦးဝင်းရွှေက ပြောသည်။

မြို့နယ်များ၌ရှိသော ပရဟိတအဖွဲ့များ သည် သဘာဝဘေးဒဏ် သို့မဟုတ် တခြားလူမှုကယ်ဆယ်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ တခြားကြီးမားသည့် ပျက်စီးမှုများကြောင့် လည်းကောင်း လူအများထိခိုက်ခြင်းနှင့် အစာရေစာ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေမှုကိုပံ့ပိုးရန် အများပြည်သူထံမှ အလှူငွေများ လိမ်လည်ကောက်ခံနေလျှင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များက ထိ ရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များထံတွင် ပရဟိတ အ လှူငွေကောက်ခံမှုအတွက် လိုက်နာရမည့် အချက်များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

ပရဟိတအဖွဲ့များသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွင် အသင်းဖွဲ့စည်းမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ အသင်းဖွဲ့ စည်းမှုမရှိလျှင် မည်သည့် သဘာဝဘေးအတွက် ထောက်ပံ့ရန် အလှူငွေ ကောက်ခံခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များသို့ တင်ပြရမည်။ ထို့ပြင် သက်ဆိုင်ရာ ဌာနများ၌ အဆင့်ဆင့် ခွင့်ပြုချက်ရယူရမည် ဖြစ်ပြီး ကောက်ခံရရှိသောငွေများအား သွားရောက်ထောက်ပံ့ လှူဒါန်းသော မြို့နယ်ဒေသ အုပ်ချုပ်ရေးအဖွဲ့များ၏ လက်ခံရရှိမှုများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
ခွင့်ပြုချက်မဲ့ ပရဟိတ အယောင်ဆောင် အလှူငွေ ကောက်ခံနေမှုများကို ဥပဒေအရ ဖော်ထုတ် အရေးယူမည် ခွင့်ပြုချက်မဲ့ ပရဟိတ အယောင်ဆောင် အလှူငွေ ကောက်ခံနေမှုများကို ဥပဒေအရ ဖော်ထုတ် အရေးယူမည် Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.