ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သူ အငှားယာဉ်မောင်းအား ဖမ်းမိ


ရန်ကုန်၊ အောက်တိုဘာ ၂

အောက်တိုဘာ ၁ ရက်နေ့ နံနက် ၀၃း၄၀ အချိန်တွင် လှိုင်မြို့နယ်နေ ဒေါ်------သည် သီရိမင်္ဂလာဈေးသို့ ကုန်းစိမ်းများဝယ်ယူရန် နေအိမ်မှ ထွက်ခွာလာနေပြီးနောက် လမ်းထိပ်အရောက်၌ ယာဉ်အမှတ် BB-6373 AD Van အမျိုးအစား အမျိုးသားတစ်ဦးမောင်းနှင်သည့် မော်တော်ယာဉ်
တစ်စီးအား ငွေကျပ် ၁၅၀၀ ဖြင့် သီရိမင်္ဂလာဈေးသို့ သွားရောက်ရန် ငှားရမ်းခဲ့ကြောင်း၊ လှိုင်မြို့နယ်၊ (၁၅) ရပ်ကွက်၊ ပါရမီလမ်းရှိ မီးရထား သံလမ်းကျော် အရောက်၌ အငှားယာဉ်မောင်းဖြစ်သူမှ မော်တော်ယာဉ်အား လမ်းဘေးသို့ချရပ်၍ ယာဉ်၏ နောက်ခန်းသို့ကူးကာ ၎င်း၏လည်ပင်း၌ ဆွဲထားသော အလေးချိန် ၂ ပဲ ၂ ရွေးခန့်ရှိ ရွှေဆွဲသီးတစ်ခုပါ အလေးချိန် ၁၀ ပဲ ၁ ရွေး ၁ ခြမ်းခန့်ရှိ ရွှေဆွဲ ၁ ကုံးတို့အား လုယက်ယူဆောင်ကာ ၎င်းအားယာဉ်ပေါ်မှဆွဲချပြီး မော်တော် ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ) ၅၇၃/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ် နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များနှင့် ပိတောက်ချောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကျူးလွန်ခံရသူအား အသေးစိတ်မေးမြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်မှာ သန်လျင်မြို့နယ်နေ အောင်ကျော်ထွန်း (၃၆)နှစ်ကို မော်တော်ယာဉ်ပိုင်ရှင်မှ ညဘက်ပိုင်း မောင်းနှင်ရန် ငွေကျပ် ၈၀၀၀ ဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ အောင်ကျော်ထွန်းမှာ စက်တင် ဘာလ ၂၉ ရက်နေ့ ည ၈ နာရီအချိန်တွင် ၎င်းယာဉ်အားယူဆောင်သွားပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ယာဉ်ကို ဆက်လက်အသုံးပြုခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် လာရောက် အပ်နှံပေးခဲ့ကြောင်း ဖော်ထုတ်ချက်အရ အောင်ကျော်ထွန်းအား အောက်တိုဘာလ၂ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါ အမှုအား ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ အမှုမှ ပါဆုံးရွှေထည်ပစ္စည်းများအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် အခြားလုယက် မှုများ ကျူးလွန်ထားခြင်းရှိ မရှိတိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သူ အငှားယာဉ်မောင်းအား ဖမ်းမိ ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သူ အငှားယာဉ်မောင်းအား ဖမ်းမိ Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.