ဖြိုးကိုကိုတင့်ဆန်း နေထိုင်ခဲ့သည့် နေပြည်တော်နေအိမ်မှ လက်နက်များ ထပ်မံ ဖမ်းဆီးမိ


လက်နက်နှင့် မူးယစ် တရားခံ ဖြိုးကိုကိုတင့်ဆန်း နေထိုင်ခဲ့သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိ ရပ်ကွက် ရှုမဝလမ်းနှင့် ရွှေသပြေ (၁)လမ်း၊ အကွက်အမှတ်(၃၀၀၃၄)နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် ဧည့်ခန်း TVစင် အံဆွဲ အတွင်းမှ လက်နက်များ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ ၁၂၀၅ အချိန် မှ ၁၂၄၀ အချိန်ထိ ဒက္ခိဏ သီရိမြို့မရဲစခန်းမှ (ပ)၃၉၆/၂၀၁၇၊ ၁၉၄၉ ခုနှစ် လက်နက်(ယာယီ) ပြင်ဆင်ချက်ပုဒ်မ ၁၉-က အမှုမှ တရားခံ ဖြိုးကိုကိုတင့်ဆန်း(၃၈)နှစ် ဗမာ/ဗုဒ္ဓ ACEကုမ္ပဏီ ဥက္ကဌ (ဘ)ဦးတင့်ဆန်း ဒက္ခိဏသီရိ မြို့နယ်နေသူပါ တရားခံများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ နေအိမ်လက်နက်များ ထပ်မံဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း သိရသည်။

 မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ စရဖတို့ပါ ပူးပေါင်း အဖွဲ့သည် တရားခံ ဖြိုးကိုကိုတင့်ဆန်း နေထိုင်ခဲ့သည့် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိ ရပ်ကွက် ရှုမဝလမ်းနှင့် ရွှေသပြေ (၁)လမ်း၊ အကွက်အမှတ်(၃၀၀၃၄)နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် ဧည့်ခန်း TVစင် အံဆွဲ အတွင်းမှ 9MMကျည် (၈)တောင့်ပါ ကျည်အိမ်တပ်လျက် လေဆာချိန်သီး တပ်ဆင်ထားသော RONI အမျိုးအစား GLOCK ပစ္စတို(၁)လက်(သေနတ်နံပါတ်နှင့် မောင်းတုံး နံပါတ်များဖျက်ထား)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ဖြိုးကိုကိုတင့်ဆန်း နေထိုင်ခဲ့သည့် နေပြည်တော်နေအိမ်မှ လက်နက်များ ထပ်မံ ဖမ်းဆီးမိ ဖြိုးကိုကိုတင့်ဆန်း နေထိုင်ခဲ့သည့် နေပြည်တော်နေအိမ်မှ လက်နက်များ ထပ်မံ ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.