ကုမ္ပဏီပိုင်ငွေများအား ခိုးယူသွားသူ ဓာတ်ပုံရှင်အား တွေ့ရှိပါက ဆက်သွယ်သတင်းပေးရန် ရဲတပ်ဖွဲ့ကြေညာ

5D-5693Toyota Wish ကုမ္ပဏီပိုင်အဖြူရောင်ယာဉ်နှင့်အတူ ကုမ္ပဏီပိုင်ငွေများအား ခိုးယူသွားသူ ဓာတ်ပုံရှင်အား တွေ့ရှိပါက ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြခြင်း

ရန်ကုန်၊ အောက်တိုဘာ ၂၄

အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ် ၁နာရီခန့်အချိန်တွင် မရမ်းကုန်း
မြို့နယ်နေ ကုမ္ပဏီဒါရိုက်တာဖြစ်သူ ဦး----သည် ကုမ္ပဏီ၌ရှိနေစဉ်
၎င်းကုမ္ပဏီမှ ငွေထိန်းဝန်ထမ်းဖြစ်သူ မယွန်းဖြူနှင့် မဇင်မာလွင်တို့
ပြောပြချက်အရ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ န၀ရတ်(၄)လမ်းနေ
ကုမ္ပဏီမှခန့်အပ်ထားသည့် ယာဉ်မောင်းဖြစ်သူ ကျော်ဇင်ဦး၊ (၃၀)နှစ်၊
(ဘ)ဦးတင်ဦးနှင့်အတူ ကုမ္ပဏီပိုင် 5D-5693 Toyota Wish (ပိုင်)
အဖြူရောင်ယာဉ်ဖြင့် ကုန်သည်များမှ စားအုန်းဆီဖိုးငွေအဖြစ် ပေးသွင်းထားသော
AGD BANKမှငွေကျပ် (၄၃၈၀၉၅၀၀)၊ AYA BANKမှငွေကျပ်(၅၅၈၃၇၃၀၀)၊
CB BANKမှငွေကျပ်(၂၀၉၀၀၀၀၀)၊ DGB BANKမှ ငွေကျပ်(၁၈၄၃၀၀၀၀)
နှင့် ထွန်းဖောင်ထရေးရှင်းဘဏ်မှ ငွေကျပ်(၂၅၀၀၀၀၀) စုစုပေါင်းငွေကျပ်
(၁၄၁၄၇၆၈၀၀)တို့အားထုတ်ယူပြီးနောက် ၎င်းငွေများအား မော်တော်ယာဉ်ပေါ်သို့
တင်ဆောင်ပြီးမရမ်းကုန်းမြို့နယ်၊ ယုဇနလမ်းရှိ KBZ BANK(1)တွင်
ငွေထုတ်ရန်ရောက်ရှိစဉ်ကားပါကင်နေရာလွတ်မရှိသဖြင့် ယာဉ်ပေါ်မှဆင်းပြီး
မယွန်းဖြူနှင့် မဇင်မာလွင်တို့မှာ ဘဏ်အတွင်းသို့ငွေများသွားရောက်ထုတ်ယူပြီး
နောက်ပြန်လာစဉ်ယာဉ်မောင်းနှင့် 5D-5693 Toyota Wish မော်တော်ယာဉ်
အားမတွေ့ရှိသဖြင့် ယာဉ်မောင်းဖြစ်သူ ကျော်ဇင်ဦး၏ လက်ကိုင်ဖုန်းဆက်သွယ်ခေါ်ယူ
ရာ စက်ပိတ်ထားကြောင်း မယွန်းဖြူ၏ ပြောပြချက်အရ သိရှိရ၍
ကုမ္ပဏီပိုင်ငွေများအား မော်တော်ယာဉ်နှင့်အတူ မောင်းနှင်ထွက်ပြေး
သွားသူ ကျော်ဇင်ဦးအား အရေးယူပေးရန် တိုင်းတန်းချက်အရ
ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၁၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ
၃၈၁ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိသည်။


ဖြစ်စဉ်မှ ငွေများနှင့် 5D-5693 Toyota Wish (ပိုင်)အဖြူရောင်ယာဉ်
တို့အား ခိုးယူသွားသူ ကျော်ဇင်ဦးကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့
ဝင်များက ပိတ်ဆို့ရှာဖွေစုံစမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ
အနေဖြင့်လည်း အမှုမှပါဆုံးမော်တော်ယာဉ်နှင့် ဖော်ပြပါဓာတ်ပုံရှင်
ပြစ်မှုကျူးလွန်သူအား တွေ့ရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့
ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199၊ ၀၁- ၂၃၂၃၁၉၉
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၃၇၆၁၆၆
မရမ်းကုန်းမြို့မရဲစခန်း ၀၁-၆၆၀၃၅၂
ဘုရင့်နောင်နယ်မြေရဲစခန်း ၀၁-၆၈၀၇၇၄
မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ၀၉-၅၁၈၄၈၆၀
ဘုရင့်နောင်နယ်မြေရဲစခန်းမှူး ၀၉-၂၆၀၀၄၇၃၆၈

Yangon Police
https://www.facebook.com/yangonpolice/

ကုမ္ပဏီပိုင်ငွေများအား ခိုးယူသွားသူ ဓာတ်ပုံရှင်အား တွေ့ရှိပါက ဆက်သွယ်သတင်းပေးရန် ရဲတပ်ဖွဲ့ကြေညာ ကုမ္ပဏီပိုင်ငွေများအား ခိုးယူသွားသူ ဓာတ်ပုံရှင်အား တွေ့ရှိပါက ဆက်သွယ်သတင်းပေးရန် ရဲတပ်ဖွဲ့ကြေညာ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.