မာဆေးမှာ ဓားနဲ့ထိုးလို့ နှစ်ယောက်သေ

ဘူတာအပြင်က စောင့်နေတဲ့ ခရီးသည်တွေ
ပြင်သစ် နိုင်ငံ မာဆေး မြို့ ရထားဘူတာကြီးမှာ အစ္စလာမ္မစ် စစ်သွေးကြွလို့ ယူဆရသူ တယောက်က ဓားနဲ့ထိုးလို့ အမျိုးသမီး နှစ်ယောက် သေဆုံးခဲ့ပါတယ်။

အမျိုးသမီး တယောက် လည်ပင်း အလှီးခံရပြီး နောက်တယောက်က ဗိုက်မှာ အထိုးခံရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်သူကို ဘူတာစောင့် စစ်သားတွေက ပစ်သတ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်သူဟာ မြောက်အာဖရိက နွယ်ဖွား လူငယ်လို့ သိရပါတယ်။

အလ္လာဟု အက္ကဘာလို့ တိုက်ခိုက်သူက အော်ဟစ်ကြောင်း မျက်မြင် သက်သေတွေက ဆိုပါတယ်။

တိုက်ခိုက်သူဟာ ပထမ တယောက်ကို သတ်ပြီး ထွက်သွားပြီးမှ နောက်တခေါက် ပြန်ဝင်လာတာလို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Gerard Collomb က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုကို ပြင်သစ် အကြမ်းဖက် နှိမ်နင်းရေး ရဲတွေက စတင် စုံစမ်းနေပါတယ်။

လူသတ်သမားဟာ နာမည် မျိုးစုံ သုံးပြီး လှုပ်ရှားခဲ့တယ်လို့ မာဆေး မြို့တော်ဝန် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မာဆေးမှာ ဓားနဲ့ထိုးလို့ နှစ်ယောက်သေ မာဆေးမှာ ဓားနဲ့ထိုးလို့ နှစ်ယောက်သေ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.