ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာ ၁၇

အောက်တိုဘာ ၁၆ ရက်နေ့ ၀၁၀၀ အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆မိုင် ကျောက်ချောစစ်ဆေးရေး စခန်း မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်း၌ ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိကြောင်း သိရပါသည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် မသင်္ကာဖွယ်ရာ ပေပါပုံးများတွေ့ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အကောက်ခွန်ဦးစီးဌာနမှ အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခြင်း ဖြစ်သည်။

 ပလပ်စတစ်ပေပါ တစ်လုံးလျှင် ဟိုက်ဒြိုကလိုရစ် အက်ဆစ် ၂၀၀ လီတာပါ ပေပါ ၄၅ လုံး၊ (ဟိုက်ဒြိုကလိုရစ် အက်ဆစ် စုစုပေါင်းအလေးချိန် ၉၀၀၀ လီတာ)၊ မော်တော်ယာဉ်၏ ဒက်ရှ်ဘုတ်အတွင်းမှ ကျော်တင် အမည်ပါ စပယ်ယာလိုင်စင် နှင့် မြန်မာ-တရုတ်နယ်စပ်သွားလာခွင့် စာအုပ်တစ်အုပ်၊ မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံ လက်မှတ်တစ်ခု ၊ ရန်ကုန်-မန္တလေးလမ်းကြောင်းတစ်လျှောက် လမ်းအသုံးပြုခ ပေးဆောင်ခဲ့သည့် လက်ခံဖြတ်ပိုင်း ၈ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

 ကျော်တင်(ဖမ်းမမိသေး)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.