ဗီယက်နမ်ရေဘေး သေဆုံးသူ ၁၅ ဦးအထိ တိုးလာ


ဗီယက်နမ်နိုင်ငံမှာ မိုးသည်ထန်ပြီး ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၅ ဦး အထိရှိသွားပြီဖြစ်ပြီး၊ ပျောက်ဆုံးနေသူလည်း ၈ ဦးရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗီယက်နမ်အလယ်ပိုင်းကို အင်္ဂါနေ့က ဝင်ရောက်တိုက်ခတ်သွားတဲ့ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံမြောက်ပိုင်းအထိ မိုးတွေသည်းသည်းမဲမဲ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလယ်ပိုင်းမှာ သေဆုံးသူ ၈ ဦးရှိပြီး၊ ကလေးငယ် ၂ ဦးပါဝင်တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဗီယက်နမ်မှာ အခုလို မုန်တိုင်းဝင်ရောက်မှု၊ ရေကြီးမှုတွေကြောင့် နှစ်စဉ် လူရာချီ သေဆုံးနေရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဗီယက်နမ်ရေဘေး သေဆုံးသူ ၁၅ ဦးအထိ တိုးလာ ဗီယက်နမ်ရေဘေး သေဆုံးသူ ၁၅ ဦးအထိ တိုးလာ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.