နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်


ဗန်ကောက်၊ အောက်တိုဘာ ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Sanam Luang ၌ ပြုလုပ်သည့် နတ်ရွာစံထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ ၏ တော်ဝင်ဈာပနအခမ်းအနားသို့ တက်ရောက်ကြသည်။


တော်ဝင်ဈာပနအခမ်းအနားသို့ အာဆီယံနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံများ မှ နိုင်ငံခေါင်းဆောင်များ၊ ဘုရင်များနှင့် မိဖုရားများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ မိတ်ဆွေများနှင့် အထူးကိုယ်စားလှယ်များ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် တော်ဝင်ဈာပန အခမ်းအနား ကျင်းပမည့် ဗန်ကောက်မြို့ Sanam Luang သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံ အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


နတ်ရွာစံထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စတင်ကျင်းပ သည်။

တော်ဝင်ဈာပနအခမ်းနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နတ်ရွာစံထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင် မီးသင်္ဂြိုလ်စင်၌ စန္ဒကူးပန်းများ ကြဲချပေးပြီး တော်ဝင် ဧည့်ခန်းမဆောင် သို့ သွားရောက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာဗာဂျီယာလောင်ကွန်းနှင့် မိသားစုဝင်များ အား တွေ့ဆုံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် နတ်ရွာစံ ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ ၏ တော်ဝင်ဈာပနအခမ်းအနားမှ ခေတ္တတည်းခိုသည့် Okura Prestige Hotel သို့ ပြန်လည်ရောက်ရှိ ကြသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက် Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.