၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ၁၉၀၀ အချိန် ပဲခူးမြို့  အမှတ်-၂နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းအရ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မ/၁၈၀နေ အောင်ကျော်ထွေး (ခ)ဘားလား၊ (၃၀)နှစ် ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ (၁၀၀၀၀)ကျပ်တန် ငွေစက္ကူအတု(၂၃)ရွက် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။
အောင်ကျော်ထွေး (ခ)ဘားလား နေအိမ်အတွင်းရှိ မှန်ဗီဒို အတွင်းမှ စကပ်ထမီနှင့် အင်္ကျီ(မဝတ်)ဖြင့် လိပ်လျက်ထည့်ထား သည့် (၁၀၀၀၀)ကျပ်တန် ငွေစက္ကူအတု(၂၃)ရွက်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
၂၀၃၀ အချိန် အောင်ကျော်ထွေး (ခ)ဘားလား (ဖမ်းမိ)အား အမှတ်-၂နယ်မြေရဲစခန်း (ပ)၇၉၅/၂၀၁၇၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ပဲခူးမြို့၌ (၁၀၀၀၀)ကျပ်တန် ငွေစက္ကူအတု(၂၃)ရွက် ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
15:53
Rating:
