တွမ်တီးမီး ပျက်ကျမီးလောင် ကလေးတစ်ဦး အမျိုးသမီးတစ်ဦး စိုးရိမ်ရပြီး ၇ဦးဒဏ်ရာရှိထား


တွမ်တီးမီး (ယမ်းချိန် ၃၇ ပိဿာ / တန်ဘိုး သိန်း ၄၀ )ကို အဖွဲ့ခေါင်းဆောင်သော်ဇင်ညီညီ နှင့် ပြည့်ဖြိုးအောင် တို့က အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၄၅ တွင် လွှတ်တင်ရာ ကွင်းအတွင်း VIP စင်အနီး မီးလောင်ပျက်ကျခဲ့သည်။

ဝက်သားတုတ်ထိုး ဆိုင်ပေါ်သို့ ပြုတ်ကျမီးလောင်မှုကြောင့် မအေးအေးသိန်း( အသက်၄၃) စိန်ပန်းရပ်ကွက် နယ်မြေ ၅ နေသူနှင့် အိစန္ဒာမင်း(၁၂နှစ်) စိန်ပန်းရပ်ကွက်နယ်မြေ ၅ နေသူ၂ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သိရသည်။

အခြားဒဏ်ရာရသူ ၅ဦးရှိပြီး မစိုးရိမ်ရကြောင်းနှင့် စဝ်စံထွန်းဆေးရုံသို့ လူနာများအား ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရသူများမှာ မသီတာဦး(နယ်မြေ၅)၊ မာင်ထူးခန့်လင်း(၇နှစ်)နယ် မြေ ၅၊ မဇင်မာဝင်း(၂၅နှစ်) ကျောင်းဆရာမအေးသာယာ၊ ခိုင်သဇင်ကျော် (၂၁နှစ်) GTU ကျောင်းသူ အေးသာယာ၊ ကောင်းမြတ်မိုး(၃၀နှစ်)ကန်ရှေ့ရပ်ကွက်၊ ဝေဝေအောင်( ၂၁နှစ်) အေးသာယာ
နှင့် ဇာခြည်ထွန်း (၂၁နှစ်) မြန်မာစာအဝေးသင် ရေဦးရွာ ရွာငံနေသူတို့ ဖြစ်သည်။

ကနဦးသတင်းအရ ကလေးတစ်ဦးသေဆုံးသည်ဟု သတင်းထွက်ပေါ်နေပြီး ယနေ့ည ၁၀နာရီခွဲရရှိသော သတင်းအရ ထိုကလေးနှင့် အမျိုးသမီးတစ်ဦးတို့ စိုးရိမ်ရသည့် ဒဏ်ရာရရှိထားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှ သိရှိရသည်။

သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal/
တွမ်တီးမီး ပျက်ကျမီးလောင် ကလေးတစ်ဦး အမျိုးသမီးတစ်ဦး စိုးရိမ်ရပြီး ၇ဦးဒဏ်ရာရှိထား တွမ်တီးမီး ပျက်ကျမီးလောင် ကလေးတစ်ဦး အမျိုးသမီးတစ်ဦး စိုးရိမ်ရပြီး ၇ဦးဒဏ်ရာရှိထား Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.