ညအချိန် အိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးကို မသေမချင်း ဓားဖြင့်ခုတ်သတ်ခဲ့ကာ ပိုက်ဆံနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်ခဲ့သူကို သေဒဏ်အပြင် အလုပ်နှင့်ထောင်ဒဏ် (၂၄) နှစ် ချမှတ်


မုံရွာ၊ အောက်တိုဘာ ၃၀

ညအချိန် နေအိမ်အတွင်း တံခါးများပိတ်၍ အိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးကို မသေမချင်း ဓားဖြင့် ခုတ်သတ်ကာ ပိုက်ဆံနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်ခဲ့သူကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာခရိုင် ဒုတိယ တရားရုံးက အောက်တိုဘာ ၃၀ ရက် မွန်းလွဲချိန်တွင် သေဒဏ်အပြင် အလုပ်နှင့် ထောင်ဒဏ်(၂၄) နှစ်ကျခံစေရန် စီရင်ချက်အမိန့်များ ချမှတ်လိုက်သည်။


အဆိုပါ စီရင်ချက်အမိန့်မှာ မုံရွာမြို့ ကန်သာဦး ( အင်းရွာသစ်)ရပ်ကွက် သမာဓိလမ်းနေ ကိုအဲချို ၊ မထားထား ဆိုသည့် ဇနီးမောင်နှံ နှစ်ဦးမှာ ညအချိန် နေအိမ်အတွင်း အိပ်ပျော်နေစဉ် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်နေ ကောင်းကောင်း(ခ) ကောင်းခန့်သော် ဆိုသူမှ နေအိမ်ခြံစည်းရိုးများကို ဖောက်ထွင်း၍ နေအိမ်တံခါးများကို ကျော်နင်းဖွင့်ကာ အရိုးအသွား လက်မ(၂၀) အရွယ်အစားရှိသော ဒေသအခေါ် နောင်ပိုအောင်ဓားဖြင့် မသေမချင်း ခုတ်သတ်ခဲ့ပြီးနောက် ပိုက်ဆံ( ၁၂)သိန်း၊ ရွှေထည်ပစ္စည်း နှင့် FZ 125 ဆိုင်ကယ်ကိုယူဆောင်ခဲ့သော၂၀၁၆ အောက်တိုဘာ (၂၇) ရက်မနက် ၅ နာရီအချိန်က ဖြစ်ပွားခဲ့သည့် ပြစ်မှုတစ်ရပ်ဖြစ်သည်။ လည်းကောင်း ပြစ်မှုဖြစ်စဉ်အား ကန်သာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယင်း မှုခင်းဖြစ်စဉ်အား မုံရွာနယ်ရဲစခန်းက (ပ) ၇၅၃/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၄၅၈/ ၃၉၂ အရ အမှုရေးဖွင့်၍ အမှုစစ်ရဲအရာရှိ ရဲအုပ် ရဲအောင်မှ တရားစွဲဆိုခဲ့ရာ မုံရွာခရိုင်တရားရုံးက ရာဇသတ်ကြီး ပြစ်မှုကြီး အမှုအမှတ် ၃၅/ ၂၀၁၆ အရ ကြားနာစစ်ဆေးခဲ့သော အမှုဖြစ်သည်။ အဆိုပါ တရားရုံး၏ ကြားနာစစ်ဆေးပေါ်ပေါက်ချက်များအရ တရားခံ ကောင်းကောင်း(ခ) ကောင်းခန့်သော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၁ (ဂ) အရ သေဒဏ် ၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၈ အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အလုပ်နှင့်ထောင်ဒဏ်(၁၀) နှစ် အသီးသီး သီးခြားစီ ကျခံစေရန် မုံရွာခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ကိုတိုး - ချင်းတွင်း (fb)
ညအချိန် အိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးကို မသေမချင်း ဓားဖြင့်ခုတ်သတ်ခဲ့ကာ ပိုက်ဆံနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်ခဲ့သူကို သေဒဏ်အပြင် အလုပ်နှင့်ထောင်ဒဏ် (၂၄) နှစ် ချမှတ် ညအချိန် အိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးကို မသေမချင်း ဓားဖြင့်ခုတ်သတ်ခဲ့ကာ ပိုက်ဆံနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်ခဲ့သူကို သေဒဏ်အပြင် အလုပ်နှင့်ထောင်ဒဏ် (၂၄) နှစ် ချမှတ် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.