တနင်္သာရီ-မောတောင်ကားလမ်းပေါ်တွင်​ လက်လုပ်သေနတ် ကိုင်ဆောင်သူနှစ်ဦးအား ဖမ်းဆီးရမိ


၁၃-၁၀-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာအရှေ့နှစ်မိုင်ခန့်အကွာ၊ (ဒေသအခေါ်) အထက်ကွမ်းသီးတော ၊ ASI ဆီအုန်းကုမ္ပဏီအနီး၊ တနင်္သာရီ-မောတောင်ကားလမ်းပေါ်တွင်(၁၃-၁၀-၂၀၁၇)ရက်နေ့(၁၃၃၀)အချိန်က ပွိုင့် -၃၈ စပယ်ရှယ်ကျည်ဆံဖြင့် ပစ်ခတ်၍ ရသော လက်လုပ် သေနတ် ကိုင်ဆောင်သူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြိတ်ခရိုင်မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေးနှင့်အဖွဲ့၊ တနင်္သာရီမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်နှင့်တပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် အမျိုးသားနှစ်ဦးမှ လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးရန်အတွက် ချောင်းလမုကျေးရွာမှ မောတောင်မြို့သို့ ဆိုင်ကယ်ဖြင့် လာရောက်မည်ဖြစ်ကြောင်း သတင်း အရ တနင်္သာရီ-မောတောင်ကားလမ်းပေါ်တွင် သွားရောက်စောင့် ဆိုင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။


ထိုသို့ စောင့်ဆိုင်းနေစဉ် မျိုးသူ (၂၁)နှစ်၊ (ဘ)ဦးတင်​ထွန်း (ခ)ဦး​မောင်​အို၊ ချောင်းမွန်(၅)ကျေးရွာ၊ထောင်ငါးသိုင်းကျေးရွာ အုပ်စု၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်နေသူ မောင်းနှင်ပြီး၊ နောက်တွင် ရဲကို(ခ) နောင်ဖြူ (၂၁)နှစ်၊(ဘ)ဦးယုရှိန်​ ချောင်းလမုကျေးရွာ၊ သိန်ခွန်း ကျေးရွာအုပ်စု၊ တနင်္သာရီမြို့နယ်နေသူလိုက်ပါသော Wave100 ခဲ/အမဲရောင် ဆိုင်ကယ်သည် ချောင်းလမုကျေးရွာဘက်မှ မောတောင်ဘက်သို့ မောင်းနှင်လာစဉ် ၄င်းတို့၏ ခန္ဓာကိုယ်နှင့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ မျိုးသူလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ အရှည် (၈) လက်မခွဲခန့်ရှိပြီး၊ သတ္တုဒင်အရှည် (၃) လက်မခန့်၊ သံပြောင်းအရှည် (၅)လက်မခွဲခန့် ပါရှိကာ ပွိုင့် -၃၈ စပယ်ရှယ်ကျည်ဆံဖြင့် ပစ်ခတ်၍ ရသောလက်လုပ်သေနတ်အတို (၁)လက်၊ ပွိုင့် -၃၈ စပယ်ရှယ် ကျည်ဆံ (၁)ထောင့်တို့နှင့် Wave 100 ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်လက်လုပ်သေနတ် လက်နက်ပုန်းအား ကိုင်ဆောင်ကြသူ အဆိုပါအမျိုးသား နှစ်ဦးအား မောတောင်နယ်မြေရဲစခန်းမှ (ပ)၁၉/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြိတ်​ခရိုင်​သတင်းနှင့်​မှုခင်းမီဒီယာ
တနင်္သာရီ-မောတောင်ကားလမ်းပေါ်တွင်​ လက်လုပ်သေနတ် ကိုင်ဆောင်သူနှစ်ဦးအား ဖမ်းဆီးရမိ တနင်္သာရီ-မောတောင်ကားလမ်းပေါ်တွင်​ လက်လုပ်သေနတ် ကိုင်ဆောင်သူနှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 14:09 Rating: 5
Powered by Blogger.