နယ်စပ်မှာ ဒုက္ခသည်တွေ ပိုများလာပြန်


ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ်တကျော့ ထွက်ခွာလာခဲ့ကြပြန်ပြီလို့ AFP သတင်း က ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူ လူ ၅ သိန်း ကျော်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ အဲဒီနောက် ဒုက္ခသည်ဝင်ရောက်မှု ခေတ္တခဏ ရပ်စဲသွားခဲ့ရာက အခုရက်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်လာနေကြရာမှာ နယ်စပ်ဖြတ်ကျော်လာနေသူပေါင်း တရက်ကို ၄ ထောင် ၅ ထောင် လောက်ရှိတယ်လို့ သိရပါတယ်။

အခုလို ထွက်ခွာလာခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်တွေက လုံခြုံရေး စိတ်မပူဖို့၊ ဘယ်မှမသွားဘဲ ရွာမှာပဲဆက်နေကြဖို့ အာမခံပြောဆိုခဲ့ကြပေမဲ့၊ စစ်တပ်က ထွက်ခိုင်းလို့ ထွက်လာခဲ့ကြတာလို့ ပြောဆိုသူ တချို့ရှိသလို၊ ရွာမှာဆက်နေရတာ အခြေအနေ မထူးခြားလို့ ထွက်လာခဲ့တာလို့ ပြောဆိုသူတွေလည်းရှိတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

ကုလသမဂ္ဂ အမျိုးသမီးများနဲ့ ကလေးသူငယ်များဆိုင်ရာကော်မတီကလည်း ရခိုင်ပြည်နယ်က မွတ်စလင် အမျုးသမီးတွေနဲ့ ကလေးသူငယ်တွေ သတ်ဖြတ်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရ၊ အဓမ္မ နေရာ ရွှေ့ပြောင်းခံရတာတွေအပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

ဒီအတွင်း ကလေးသူငယ်အများစုပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို နောက်ထပ် ၆ လ ကူညီနိုင်ဖို့ အမေရိကန်ဒေါ်လာ ၄၃၄ သန်းလိုအပ်နေတယ်လို့ ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ပြောပါတယ်။

Photo: BenarNews
RFA Burmese
https://www.facebook.com/rfaburmese/
နယ်စပ်မှာ ဒုက္ခသည်တွေ ပိုများလာပြန် နယ်စပ်မှာ ဒုက္ခသည်တွေ ပိုများလာပြန် Reviewed by THITHTOOLWIN on 07:52 Rating: 5
Powered by Blogger.