ဆီးရီးယားတွင် ရုရှားကလေကြောင်းတိုက်စစ်ဆင်မှုကြောင့် နျူဆာတပ်ဦး အကြမ်းဖက်ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိ

ဆီးရီးယားနိုင်ငံ ရှိ နျူဆာတပ်ဦး တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မော်စကို၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံတွင် ရုရှားတပ်ဖွဲ့လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်ကေဒါ အကြမ်းဖက်အဖွဲ့ နှင့် ဆက်စပ်မှုရှိသော နျူဆာတပ်ဦး ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ယင်းအကြမ်းဖက်အုပ်စု၏ တပ်မှူး ၁၂ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု၏ ရလဒ်အဖြစ် နျူဆာတပ်ဦး ခေါင်းဆောင် အဘူ မိုဟာမက် အယ်ဂိုလာနီ တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး လက်တစ်ဖက်ဆုံးရှုံးခဲ့ကာ အခြေအနေစိုးရိမ်ရသည်ဟု သတင်းရင်းမြစ်များစွာမှ ကြားသိခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Igor Konashekov ၏ ပြောကြားချက်ကို ကိုးကား၍ Sputnik သတင်းကဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဆီးရီးယားတွင် ရုရှားကလေကြောင်းတိုက်စစ်ဆင်မှုကြောင့် နျူဆာတပ်ဦး အကြမ်းဖက်ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိ ဆီးရီးယားတွင် ရုရှားကလေကြောင်းတိုက်စစ်ဆင်မှုကြောင့် နျူဆာတပ်ဦး အကြမ်းဖက်ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.