ကျောက်တံတားမြို့နယ်တရားရုံးသို့ ရုံးထုတ်စဉ် ထွက်ပြေးသွားသည့် တရားခံအားပြန်လည် ဖမ်းဆီးရမိ


ရန်ကုန်၊ အောက်တိုဘာ ၃

အောက်တိုဘာ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ကျောက်တံတားမြို့မ ရဲစခန်း (ပ) ၃၄၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့်-၅၄ အမှုမှ ရာဇသတ်ကြီးပုဒ်မ ၃၈၀သို့ပြောင်းလဲ၍ မြို့နယ်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ပြီး ရာကြီးအမှုအမှတ် ၃၂၂/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည့် တရားခံဇော်ဇော်အောင် (၁၉)နှစ်အား ကျောက်တံတားမြို့နယ် တရားရုံးမှ ချိန်းဆိုထားသည့် ရုံးချိန်းရက်တွင် အချုပ်ယာဉ်ဖြင့် ဆိပ်ကမ်းမြို့နယ် တရားရုံးသို့ရုံးတင်မည့် အချုပ်တရားခံကျား (၄)ဦး၊ ကျောက်တံတားမြို့နယ် တရားရုံးသို့ရုံး တင်မည့် တရားခံဇော်ဇော်အောင်ပါ
အချုပ်တရားခံ ကျား(၆) ဦး၊ မ(၁) ဦးတို့အား အကျဉ်းထောင်မှထုတ်ယူခဲ့ပြီး ဆိပ်ကမ်းတရားရုံးသို့ရောက်ရှိ၍ တရားရုံးထုတ်တာဝန်ကျတပ်ဖွဲ့ဝင်များမှ အချုပ်တရားခံ ကျား (၄) ဦးအားထုတ်ယူခဲ့ပြီးနောက် အချုပ်ယာဉ်မှာ ကျောက်တံတားမြို့နယ်သို့ ဆက်လက်မောင်းနှင်ခဲ့ရာ ကျောက်တံတားမြို့နယ်၊ တရားရုံးသို့အရောက် တရားရုံးထုတ်တာဝန်ကျတပ်ဖွဲ့ဝင်များက တရားခံ ကျား (၆) ဦး၊ မ (၁)ဦးတို့အား မြို့နယ်တရားရုံးအချုပ်ခန်းသို့ ပို့ဆောင်စဉ်လမ်း၌ အချုပ်တရားခံဇော်ဇော်အောင် (၁၉)နှစ်မှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်းသိရသည်။

ယင်းသို့ထွက်ပြေးသွားသူ ဇော်ဇော်အောင်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာစုမှတပ်ဖွဲ့ဝင်များနှင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပူးပေါင်း၍ ၎င်းသွားလာ
တတ်သောနေရာများအား စုံစမ်းခဲ့ရာ ဇော်ဇော်အောင်မှာ ယခင်အလုပ် လုပ်ကိုင်ခဲ့သည့် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်းရှိ စားသောက်ဆိုင်တွင် အလုပ်ပြန်လည် လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အောက်တိုဘာ ၂ ရက်နေ့ ည ၈ နာရီအချိန် ဇော်ဇော်အောင်အားပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ကျောက်တံတားမြို့မရဲစခန်း(ပ)၃၅၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံထွက်ပြေးလွတ်မြောက်နိုင်အောင် တာဝန်ကိုပေါ့လျော့စွာ ဆောင်ရွက်ခဲ့သည် တာဝန်ရှိသူ အဆင့်ဆင့်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
ကျောက်တံတားမြို့နယ်တရားရုံးသို့ ရုံးထုတ်စဉ် ထွက်ပြေးသွားသည့် တရားခံအားပြန်လည် ဖမ်းဆီးရမိ ကျောက်တံတားမြို့နယ်တရားရုံးသို့ ရုံးထုတ်စဉ် ထွက်ပြေးသွားသည့် တရားခံအားပြန်လည် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:14 Rating: 5
Powered by Blogger.