![]() |
အမျိုးသမီး ၂ ယောက်နဲ့ ခွေး ၂ ကောင်ဟာ ရိက္ခာခြောက်တွေနဲ့ ရေသန့်စင်စက် ကျေးဇူးနဲ့ အသက်ဆက်နိုင်ခဲ့ |
ဂျနီဖာအက်ပယ်လ်နဲ့ တာရှာဖူယားဘား အမည်တွေရှိကြတဲ့ အမျိုးသမီး ၂ ဦးဟာ ရွက်သင်္ဘောငယ် တစင်းနဲ့ ဟာဝိုင်ယီကျွန်းကန တဟီးတီကျွန်းကို အသွား လမ်းမှာ ရာသီဥတု ဆိုးရွားလို့ သင်္ဘောအင်ဂျင်စက် ချို့ယွင်းသွားခဲ့တာပါ။
အဲဒီမှာ ဂျပန်နိုင်ငံရဲ့ အရှေ့တောင်ဘက် မိုင် ၉၃၀ (၁,၅၀၀ ကီလိုမီတာ) အကွာက ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။
အဲဒီ ရွက်သင်္ဘော မျောနေတာကို ငါးဖမ်းသင်္ဘော ၁ စင်းက စတင် တွေ့ရှိခဲ့ပြီး အမေရိကန် အာဏာပိုင်တွေကို အကြောင်း ကြားခဲ့ရကနေ အခုလို ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။
![]() |
သူတို့ဟာ မေလ ကတည်းက ဟာဝိုင်ရီကနေ ထွက်ခဲ့ပြီး ပင်လယ်ထဲ ၅ လ ကြာ နေခဲ့ရ |
ခရီးစပြီး ၂ လ အကြာ တဟီးတီကို ရောက်ဖို့ ခန့်မှန်ထားတဲ့ မူလ ကြာချိန် လွန်ပြီးနောက်မှာ သူတို့ဟာ ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း အကြောင်းကြားတာတွေ လေလှိုင်းကနေ စတင် ထုတ်လွှင့်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
![]() |
ဂျနီဖာအက်ပယ်လ်ကို ယူအက်စ်အက်စ် အက်ရှ်လန်းရဲ့ အရာရှိ ဂယ်ရီဝိုက်စ်က ကြိုဆိုနှုတ်ဆက် |
ဒါပေမယ့် အောက်တိုဘာ ၂၄ ရက် အရောက်မှာတော့ ထိုင်ဝမ်ငါးဖမ်းသင်္ဘော တစင်းက သူတို့ရဲ့ ရွက်သင်္ဘောကို တွေ့ရှိသွားပြီး ဂူအမ်ကျွန်းက အမေရိကန် အာဏာပိုင်တွေကို သတင်းပို့နိုင်ခဲ့ပါတယ်။
နောက်တနေ့မှာတော့ ယူအက်စ်အက်စ် အက်ရှ်လန်း အမည်ရှိတဲ့ အမေရိကန် စစ်သင်္ဘောက မျောနေတဲ့ ရွက်သင်္ဘောဆီ အရောက်သွားနိုင်ခဲ့ပြီး ဟိုနိုလူလူက ရွက်လွှင့် အမျိုးသမီး ၂ ယောက်နဲ့ သူတို့ရဲ့ ခွေး ၂ ကောင်ကို ကယ်တင်လိုက်နိုင်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပစ္စိဖိတ် ထဲ ၅ လ ကြာ မျောနေသူတွေကို ကယ်တင်ခဲ့
Reviewed by THITHTOOLWIN
on
18:05
Rating:
